ထိုင်းနိုင်ငံ၊ ပတ္တယား (Pattaya) တောင်ပိုင်းတွင် ကင်းမွန်ကင် ရောင်းချနေသည့် အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ရာမကမ်းလှမ်းမှု ပြုလုပ်သည်ကို အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့က ငြင်းဆန်မောင်းထုတ်ခဲ့ပြီးနောက် အဆိုပါ နိုင်ငံခြားသား အမျိုးသားမှာ သေနတ်တု/ကစားစရာ သေနတ်ဟု ယူဆရသော လက်နက်ဖြင့် လာရောက်ပစ်ခတ် ခြိမ်းခြောက်ခဲ့သည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁၂:၀၀ နာရီခန့်တွင် ပတ္တယားတောင်ပိုင်းရှိ ကင်းမွန်ကင်ဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၄ ရက်နေ့တွင် ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အသက် ၂၇ နှစ်အရွယ် ကင်းမွန်ကင် ရောင်းချသူ မကန်ရာရတ် (Kanyarat Yenchuchit) က အသက် ၄၀ ဝန်းကျင်ခန့်ရှိ အမည်မသိ နိုင်ငံခြားသား အမျိုးသားတစ်ဦးသည် ဆိုင်သို့ လာရောက်စကားပြောရင်း အတူအိပ်စက်ရန် စကားဖြင့် စော်ကားပြောဆိုခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
အဆိုပါ ပြောဆိုမှုကို မကန်ရာရတ်၏ ခင်ပွန်းဖြစ်သူက မြင်တွေ့သွားသဖြင့် အဆိုပါ နိုင်ငံခြားသားနှင့် စကားအခြေအတင် ဖြစ်ပွားကာ ဆိုင်အနီးမှ ထွက်ခွာသွားရန် မောင်းထုတ်ခဲ့သည်။
ဆိုင်အနီးမှ ထွက်ခွာသွားပြီး ၁၀ မိနစ်ခန့်အကြာတွင် အဆိုပါ နိုင်ငံခြားသားမှာ ဆိုင်သို့ ပြန်လည်ရောက်ရှိလာပြီး သေနတ်ဟု ယူဆရသည့် လက်နက်တစ်ခုကို ထုတ်ကာ ဆိုင်ဘက်သို့ ချိန်ရွယ်၍ ပစ်ခတ်ခဲ့သည်။
ပစ်ခတ်ချိန်အတွင်း ကျယ်လောင်သည့် သေနတ်သံ ၄ ချက်မှ ၅ ချက်အထိ ထွက်ပေါ်ခဲ့သဖြင့် ဆိုင်ရှင် အမျိုးသမီးနှင့် အနီးနားရှိ ပြည်သူများမှာ အနီးအနားရှိ အဆောက်အအုံအတွင်းသို့ အရေးပေါ် ထွက်ပြေးပုန်းအောင်းခဲ့ကြရသည်။ ၎င်းနောက် အဆိုပါ နိုင်ငံခြားသားမှာ အော်ဟစ်ဆဲဆိုကာ ထွက်ခွာသွားခဲ့သည်။
မကန်ရာရတ်က မည်သည့် လက်နက်အမျိုးအစား အသုံးပြုခဲ့သည်ကို အတိအကျ မပြောနိုင်သော်လည်း ကျည်ဆန်အစစ် မပါဘဲ အသံကျယ်အောင် ပြုလုပ်ထားသည့် ကစားစရာ သေနတ် သို့မဟုတ် သေနတ်အတု (Replica/Cap gun) သာ ဖြစ်နိုင်ကြောင်း ယူဆထားသည်။
ဆိုင်ရှင် အမျိုးသမီးသည် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပတ္တယား မြို့နယ် ရဲစခန်းသို့ သွားရောက် တိုင်ကြားထားပြီး၊ ရဲတပ်ဖွဲ့က CCTV ရုပ်သံဖိုင်များကို စစ်ဆေး၍ ပြစ်မှုကျူးလွန်သည့် နိုင်ငံခြားသားအား ဖော်ထုတ်ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးလျက် ရှိပါသည်။
Source;Thaiger
