ထောင်းဖာဖူတွင် တရားမဝင် မြန်မာ ၁၉ ဦးပါ SUV ကား စစ်ဆေးရေးဂိတ်ကို မောင်းပြေးပြီး ကျောက်တုံးနှင့် တိုက်မိ

ထိုင်းနိုင်ငံ၊ ဂေဉ္စနဘူရီပြည်နယ်၊ ထောင်းဖာဖူ (Thong Pha Phum) မြို့နယ်တွင် တရားမဝင် မြန်မာလုပ်သား ၁၉ ဦး တင်ဆောင်လာသည့် SUV မော်တော်ယာဉ်တစ်စီးသည် စစ်ဆေးရေးဂိတ်ကို မြင်သဖြင့် ထွက်ပြေးစဉ် လမ်းဘေးကျောက်တုံးနှင့် တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ လွတ်မြောက်သွားခဲ့ပါတယ်။

သံသယဖြစ်ဖွယ် အဖြူရောင် Isuzu Mu-X ကားကို စစ်ဆေးရေးဂိတ်က တားဆီးစဉ် ယာဉ်မောင်းသည် ကားကို အမြန်လှည့်၍ ထွက်ပြေးခဲ့ရာ ကျေးရွာအတွင်း လမ်းဘေးကျောက်တုံးနှင့် တိုက်မိခဲ့သည်။ ထို့နောက် လာကြိုသည့် အခြားကားတစ်စီးပေါ်သို့ ပြောင်းစီးကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ကားအတွင်းမှ အထောက်အထားမဲ့ မြန်မာလုပ်သား ၁၉ ဦး ကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့သည် ဘုရားသုံးဆူ နယ်စပ်ဘက်မှတစ်ဆင့် Samut Prakan တွင် အလုပ်လုပ်ရန် ပွဲစားခ ၁ ဦးလျှင် ဘတ် ၁၄,၀၀၀ ပေးခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် မြန်မာလုပ်သားများကို “တရားမဝင် ဝင်ရောက်မှု” ဖြင့် ထောင်းဖာဖူရဲစခန်း၌ အမှုဖွင့်ထားပြီး လွတ်မြောက်နေသည့် ယာဉ်မောင်းကို ဆက်လက် စုံစမ်းရှာဖွေလျက်ရှိသည်။

Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี