ပတ္တရားမြို့မှာ မိုးကြီး၍ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်

မိုးသက်လေပြင်းများနှင့်အတူ ရွာချခဲ့တဲ့ မိုးကြောင့် မြို့ရဲ့ နိမ့်ဆင်းတဲ့ နေရာတွေမှာ ရေနုတ်မြောင်းတွေက ရေမစီးနိုင်ဘဲ အလျင်အမြန် ရေတက်လာခဲ့တာ ဖြစ်ပါတယ်။

📍 ရေကြီးနစ်မြုပ်ခဲ့သည့် အဓိကနေရာများ

  • Soi Khao Noi နှင့် Soi Khao Talo လမ်းများ။
  • South Pattaya Sukhumvit Road (ပတ္တရားတောင်ပိုင်း စုခုမ်ဗစ်လမ်းမကြီး)။
  • Third Road (တတိယလမ်း)။
  • Railway Road (Wat Tham Samakkhi ဘုန်းကြီးကျောင်းအနောက်ဘက် ရထားလမ်းဘေးလမ်း)။

ဖြစ်ပွားခဲ့သည့် အခြေအနေများ

၁။ ယာဉ်များ သွားလာမရခြင်း: ရေမျက်နှာပြင်ဟာ ၂၀ မှ ၇၀ စင်တီမီတာအထိ မြင့်တက်လာခဲ့တာကြောင့် ဆိုင်ကယ်နဲ့ ကားငယ်လေးတွေ သွားလာလို့ မရတော့ဘဲ လမ်းလယ်မှာ စက်ရပ်သွားတာတွေ ရှိခဲ့ပါတယ်။ 

၂။ ခရီးသွားများ သောင်တင်ခြင်း:မိုးတိတ်သွားပေမဲ့ ရေမကျသေးတာကြောင့် ခရီးသွားအများအပြားဟာ လမ်းပေါ်မှာ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသလို၊ အချို့ကလည်း လမ်းကြောင်းပြောင်းပြီး ပြန်လှည့်ခဲ့ကြရပါတယ်။ 

၃။ နှစ်ရှည်လများ ပြဿနာ: ဒေသခံတွေရဲ့ ပြောကြားချက်အရ ပတ္တရားမြို့မှာ ရေနုတ်မြောင်းတွေ အဆင့်မြှင့်တင်နေပေမဲ့ နှစ်စဉ် မိုးရွာတိုင်း အခုလို “ရေစောင့်ဆိုင်း” (Water awaiting drainage) ရတဲ့ ပြဿနာက ဆယ်စုနှစ်နဲ့ချီပြီး မပြေလည်သေးဘူးလို့ ဆိုကြပါတယ်ဗျာ။

Source;Thaiger