ဘန်ကောက်တွင် မသင်္ကာဖွယ် ထိုင်းမှတ်ပုံတင် ကိုင်ဆောင်သူနှင့် တရားမဝင် မြန်မာလုပ်သား ၁ ဦး ဖမ်းဆီးရမိ

ဘန်ကောက်မြို့၊ ဟွေခွမ် (Huai Khwang) မြို့နယ်အတွင်းရှိ တရားမဝင် လှုပ်ရှားမှုများနှင့် ခိုးဆိုးလုနှိုက်မှုများကို ရှင်းလင်းသည့် တတိယအဆင့် စီးနင်းမှုအဖြစ် စက်တင်ဘာ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) က စီးပွားရေးဆိုင်ရာ စိစစ်ရေးအဖွဲ့များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA)၊ စားသုံးသူကာကွယ်ရေးရုံး (OCPB) နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဆိုင်ခန်း ၄ ခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် သွင်းကုန်ပစ္စည်း ၁,၀၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်ဗျာ။

၁.ပိတ်သိမ်းထားကြောင်း စာရင်းပြထားသော်လည်း ဖွင့်လှစ်ထားသည့် ဆိုင်:

လွန်ခဲ့သည့် ၁ နှစ်ကျော်ကတည်းက စီးပွားရေးမှတ်ပုံတင် ဖျက်သိမ်းထားသည်ဟု အကြောင်းကြားထားသော်လည်း ပုံမှန်အတိုင်း ဆက်လက်ရောင်းချနေသည်ကို တွေ့ရှိရသည်။

ဆိုင်တွင် လုပ်ကိုင်နေသည့် အသက် ၅၀ အရွယ် ထိုင်းအမျိုးသမီးတစ်ဦးသည် ထိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသော်လည်း ထိုင်းစကားကို ပီသစွာ မပြောနိုင်ဘေ၊ လုပ်ခလစာနှင့် အလုပ်ရှင်အကြောင်း မရေမရာ ဖြေကြားခဲ့သည်။ ၎င်း၏ မှတ်ပုံတင်မှာ အမှန်တကယ် ပိုင်ဆိုင်ခြင်း ရှိ/မရှိ စိစစ်နိုင်ရန် ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းစုံစမ်းစစ်ဆေးလျက် ရှိသည်။

၂.တရားမဝင် သွင်းကုန်ရောင်းချသည့် စူပါမားကတ် (Soi Pracha Uthit 22 အနီး):

ထိုင်းနိုင်ငံသား ဆိုင်ပိုင်ရှင်က အနီးနားရှိ တရုတ်ဆိုင်များနှင့် ယှဉ်ပြိုင်နိုင်ရန် တရုတ်နိုင်ငံမှ တရားဝင် ခွင့်ပြုချက်မရှိသည့် ပစ္စည်းများကို တင်သွင်းခဲ့ကြောင်း ဝန်ခံခဲ့သည်။

အဆိုပါ ဆိုင်တွင် တရားဝင် လုပ်ကိုင်ခွင့် (Work Permit) မရှိသည့် မြန်မာအမျိုးသမီး လုပ်သားတစ်ဦးကိုလည်း တွေ့ရှိခဲ့သည်။

၃.ထိုင်းစာတံဆိပ် မပါရှိသည့် အလှပြင်ဆိုင် (Soi Pracharat Bamphen 6/1 အနီး):

၃ ထပ်ပါ အလှပြင်ဆိုင်အတွင်း ထိုင်းစာတံဆိပ် မပါရှိသော မျက်နှာပေါင်းတင် ခရမ်များကို စစ်ဆေးတွေ့ရှိခဲ့သည်။

၄.လိုင်စင်သက်တမ်းကုန်နေသည့် အရက်ဆိုင်:

အနီးအနားရှိ အရက်ဆိုင်တစ်ဆိုင်တွင် လွန်ခဲ့သည့် ဧပြီလကတည်းက လိုင်စင်သက်တမ်း ကုန်ဆုံးနေသော်လည်း ဆက်လက်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ဟွေခွမ် ရဲစခန်း၏ ယာယီရဲမှူးကြီး Pol. Col. Kamphon Rattanaprathip က နေရာ ၄ ခုလုံးမှ တရားမဝင် ပစ္စည်း ၁,၀၀၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်းနှင့် ယခုစစ်ဆင်ရေးသည် အနီးဝန်းကျင်ရှိ တရားဝင် စီးပွားရေးလုပ်ငန်းများနှင့် မီးခိုးရောင် စီးပွားရေး (Grey Capital) များကို သဲကွဲစွာ ခွဲခြားအရေးယူနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source;Thaiger