ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ထုန်းဆောင်ဟုန်း (Thung Song Hong) နယ်မြေအတွင်းရှိ နေအိမ်တစ်အိမ်၏ ငါးကန်အတွင်းသို့ ညဉ့်နက်ပိုင်း ဝင်ရောက်ကာ မွေးမြူထားသည့် စိုင်ခေါင်း (Koi) ငါးများအား လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခဲ့သူ အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦးအား စက်တင်ဘာ ၁၀ ရက် မနေ့က ရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
စက်တင်ဘာ ၇ ရက် ည ၈ နာရီခန့်တွင် ဝိဘာဝဒီ ရန်းစစ် (Vibhavadi Rangsit) လမ်းကြား ၆၆ ရှိ နေအိမ်တစ်အိမ်၏ အပြင်ဘက် ငါးကန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သံသယရှိသူ မစ္စတာ စူချစ်ချိုင်း (Suchitchai / တောင်, ၅၁ နှစ်) ဆိုသူသည် စက်ဘီးဖြင့် ရောက်ရှိလာပြီး ငါးကန်အနီးတွင် အဝတ်အစားများ ချွတ်ကာ ကန်အတွင်းရှိ စိုင်ခေါင်းငါးများအား ဖမ်းယူ၍ အာသာဖြေမှုများ ပြုလုပ်ခဲ့သည်။ အိမ်ရှင်နှင့် အိမ်ဖော်ဖြစ်သူတို့ တွေ့ရှိသွားချိန်တွင် စက်ဘီးဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ထုန်းဆောင်ဟုန်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရှီးယန်းကောင်း လက်စီ (Siang Kong Lak Si) ဧရိယာအနီး အခင်းဖြစ်စဉ်က ဝတ်ဆင်ထားသည့် အဝတ်အစားဖြင့် လမ်းလျှောက်နေသော တရားခံအား တွေ့ရှိ၍ လိုက်လံ ဖမ်းဆီးခဲ့သည်။
တရားခံက ၎င်းသည် အဆိုပါနေရာသို့ ရေချိုးရန် သွားရောက်ခဲ့ခြင်းဖြစ်သော်လည်း ငါးကန်အတွင်းရှိ ငါးများကို မြင်တွေ့ရသောအခါ စိတ်ဆန္ဒ ရွေ့လျားလာသဖြင့် ငါးများကို ဖမ်းယူကာ ၂ ကြိမ်တိုင်တိုင် အာသာဖြေခဲ့ကြောင်း ဝန်ခံခဲ့သည်။ ထို့ပြင် အစူးပါသည့် ဆက်ကာငါး (Sucker fish) များကို ရှောင်ရှားပြီး နာကျင်မှုနည်းသည့် စိုင်ခေါင်းငါးများကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြည့်တန်ဆာ ဝယ်ယူရန် ငွေကြေးမရှိ၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
တရားခံသည် လွန်ခဲ့သော နှစ်များကလည်း ခွေးမတစ်ကောင်အား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ဘန်းခေန် (Bang Khen) ရဲစခန်း၏ ဖမ်းဆီးထောင်ဒဏ် ကျခံခဲ့ရဖူးသည့် အပြင် မူးယစ်ဆေးဝါး သုံးစွဲလေ့ရှိသူ ဖြစ်ကြောင်း သိရသည်။
ငါးပိုင်ရှင် အမျိုးသားက ၎င်းမွေးမြူထားသည်မှာ ၇ နှစ်မှ ၈ နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းက ငါးများ ခါးကျိုး၍ တစ်ကောင်ပြီးတစ်ကောင် သေဆုံးနေသဖြင့် သံသယဖြစ်ကာ CCTV မြှင့်တပ်ထားရာမှ အဆိုပါ ဖြစ်စဉ်ကို ရုပ်သံရရှိခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါ တရားခံအား တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှု၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု ပျက်စီးစေမှု၊ ညဉ့်နက်ပိုင်း တရားမဝင် ကျူးကျော်ဝင်ရောက်မှုနှင့် ရိုင်းစိုင်းသော ပြုမူဆောင်ရွက်မှု ပုဒ်မများစွာဖြင့် ထုန်းဆောင်ဟုန်း ရဲစခန်းက အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Source;Khaosod
