ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (TMD) ၏ ငလျင်စောင့်ကြည့်ရေး ဌာနခွဲမှ ယနေ့ စက်တင်ဘာ ၁၂ ရက် (စနေနေ့) နံနက် ၄:၂၃ နာရီခန့်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗား (Java) ဒေသတွင် ပြင်းအား ရစ်ခ်တာစကေး ၆.၂ ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သော်လည်း ထိုင်းနိုင်ငံအပေါ် တစ်စုံတစ်ရာ ထိခိုက်ရိုက်ခတ်မှု မရှိကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်ဗျာ။
ငလျင်၏ ဗဟိုချက်သည် တောင်လတ္တီကျု ၅.၁၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၀၆.၉၀ ဒီဂရီ၊ အမှိုက်အနက် ၃၇၁ ကီလိုမီတာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုင်းနှင့် အမေရိကန် တိုင်းတာချက် ကွဲပြားမှု:
-ထိုင်း TMD: ရစ်ခ်တာစကေး ၆.၂ အဖြစ် သတင်းထုတ်ပြန်ခဲ့ပြီး၊ ဗဟိုချက်အနီးတွင် ပြင်းအားမြင့်မားစွာ ခံစားရနိုင်ကြောင်း ခန်းမှန်းချက်ထုတ်ပြန်ခဲ့သည်။
–အမေရိကန် USGS: အမေရိကန် မြေတိုင်းအဖွဲ့ကမူ ပြင်းအား ၆.၆၊ အမှိုက်အနက် ၃၅၈.၆ ကီလိုမီတာ ရှိကြောင်း တိုင်းတာခဲ့ပြီး ခံစားရသည့် မြေပြင်လှုပ်ခတ်မှု ပမာဏမှာ သာမန်မျှသာရှိကြောင်း ဖော်ပြထားသည်။
ယခုငလျင်သည် မြေအောက် အလွန်နက်သောနေရာ၌ ဖြစ်ပွားခဲ့ခြင်းကြောင့် ဘေးအန္တရာယ် ကြီးမားစွာ မရှိဘဲ၊ ထိုင်းနိုင်ငံ၏ Cell Broadcast သတိပေးစနစ်မှတစ်ဆင့် အရေးပေါ် သတိပေးချက် ထုတ်ပြန်ရန် သတ်မှတ်ချက်များနှင့် မငြိစွန်းသဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
TMD အနေဖြင့် အခြေအနေများအား ဆက်လက် စောင့်ကြည့်နေပြီး ထူးခြားချက်ရှိပါက ထပ်မံ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
ဖြစ်ပွားနေဆဲ ဖြစ်သည်။
Source;The Nation
