ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့ (BMA) က မနက်ဖြန် (၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်) တနင်္လာနေ့အတွက် ဘန်ကောက်တစ်ခွင်တွင် ခံစားရမည့် အပူညွှန်းကိန်း မှာ “အန္တရာယ်ရှိသောအဆင့်” (သို့ ရောက်ရှိနေကြောင်း အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါတယ်ဗျာ။ တစ်ပြိုင်နက်တည်းမှာပင် မွန်းလွဲပိုင်းမှ ညနေပိုင်းအတွင်း နေရာကွက်ကျား မိုးသက်မုန်တိုင်းဖြစ်ပွားနိုင်ခြေ ၂၀ ရာခိုင်နှုန်း ရှိနေသည်။
အပူချိန်နှင့် စိုထိုင်းဆ ပေါင်းစပ်မှုကြောင့် လူ့ခန္ဓာကိုယ်က အမှန်တကယ်ခံစားရသည့် အပူဒဏ်ညွှန်းကိန်းမှာ မြင့်မားလွန်းသဖြင့် အပြင်ထွက်ပါက အပူလျှပ်ခြင်း နှင့် ကြွက်တက်ခြင်းများ ဖြစ်ပွားနိုင်ခြေ အလွန်များသည်။
မိဘပြည်သူများအနေဖြင့် မိမိတို့၏ ခန္ဓာကိုယ်အခြေအနေကို အမြဲမပြတ် စောင့်ကြည့်ကြရန်နှင့် အထူးသဖြင့် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် ရောဂါအခံရှိသည့် “အန္တရာယ်ရှိအုပ်စု” များတွင် ပုံမှန်မဟုတ်သော လက္ခဏာများ (မူးဝေခြင်း၊ အသက်ရှူကျပ်ခြင်း) ခံစားရပါက ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်းပြသရန် အသိပေးထားသည်။
အမြင့်ဆုံးအပူချိန်သည် 35°C မှ 37°C အတွင်း ရှိနေမည်ဖြစ်ပြီး၊ အနိမ့်ဆုံးအပူချိန်မှာ 26°C မှ 28°C အထိ ရှိမည် ဖြစ်သည်။ဘန်ကောက်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မွန်းလွဲပိုင်းမှ ညနေပိုင်းအတွင်း မိုးသက်မုန်တိုင်း ၂၀ ရာခိုင်နှုန်း ရွာသွန်းနိုင်သော်လည်း ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်လောက်သည့် အခြေအနေမျိုး မရှိဟု ဆိုသည်။ (လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကလောင်ဆမ်ဝါမြို့နယ်တွင် မိုးရေချိန် ၇.၀ မီလီမီတာ မျှသာ ရွာသွန်းခဲ့သည်)
ဘန်ကောက်မြို့၏ ပျမ်းမျှ PM 2.5 ပမာဏမှာ ၁၁.၄ မိုက်ခရိုဂရမ် (11.4 µg/m³) သာ ရှိပြီး၊ ဖုန်မှုန့်အဆင့် လျော့နည်းသွားသဖြင့် လေထုအရည်အသွေး အလွန်ကောင်းမွန်သော အဆင့် တွင် ရှိနေသည်။
မိုးလေဝသနှင့် လေထုစောင့်ကြည့်ရန် လင့်ခ်များ:
▫️လေထုအရည်အသွေးအတွက် airbkk.com သို့မဟုတ် AirBKK Application တွင် ကြည့်ရှုနိုင်သည်။
▫️ဘန်ကောက် ရေကြီးမှုကာကွယ်ရေးဗဟိုဌာန Facebook Page: BKK Best
▫️မိုးလေဝသ ရေဒါစောင့်ကြည့်ရန်: Nong Chok Station နှင့် Nong Khaem Station
Source;Thairath
