ဘန်ကောက်၏ အချက်အချာမြေတွင် ဘတ် ၁၁ ဘီလီယံတန် ‘CenTRal cENtrAL’ မဟာစီမံကိန်းကြီး စတင်ရန် Central Pattana နှင့် ဂျပန်ကုမ္ပဏီ ပူးပေါင်း

ထိုင်းနိုင်ငံ၏ ထိပ်တန်း အိမ်ခြံမြေနှင့် လက်လီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ Central Pattana (CPN) သည် ရာစုနှစ်တစ်ခုကျော် သက်တမ်းရှိ ဂျပန်နိုင်ငံ၏ မြို့ပြဖွံ့ဖြိုးရေးကုမ္ပဏီကြီး Mitsubishi Estate နှင့် ပူးပေါင်းကာ ဗန်ကောက်မြို့၊ ဆိုင်ယမ်စကွဲယား (Siam Square) ရှိ ပထုမ်ဝမ်လမ်းဆုံ (Pathum Wan intersection) အနီး မြေ ၇ ရာရာပေါ်တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃၀ သန်း) ရှိမည့် ‘CenTRal cENtrAL’ အဆင့်မြင့် ဓါတ်ပေါင်းစု စီမံကိန်းကြီးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

အဆိုပါ စီမံကိန်းသည် စုစုပေါင်း အဆောက်အအုံဧရိယာ ၁၄၁,၀၀၀ စတုရန်းမီတာကျော် ကျယ်ဝန်းပြီး ခေတ်မီလက်လီစင်တာ၊ ရုံးခန်းတာဝါနှင့် ဥရောပအဆင့်မြင့် ဟိုတယ်တို့ကို တစ်နေရာတည်းတွင် ပေါင်းစပ်ထားခြင်းဖြစ်သည်။

ကမ္ဘာ့အဆင့်မီ အမှတ်တံဆိပ်ပေါင်း ၃၀၀ ကျော် ပါဝင်မည့် လက်လီကုန်တိုက်အပိုင်းကို ၂၀၂၇ ခုနှစ်၊ ဒုတိယသုံးလပတ် (Q2) တွင် စတင်ဖွင့်လှစ်မည်။ကော်ပိုရိတ်ဝန်ထမ်း ၂,၅၀၀ ကျော် ဆံ့မည့် ၁၂ ထပ် ရုံးခန်းအဆောက်အအုံကို ၂၀၂၇ ခုနှစ်၊ စတုတ္ထသုံးလပတ် (Q4) တွင် အပြီးသတ်မည်။ဥရောပ၏ နာမည်ကြီး “Playful Luxury” ဟိုတယ်အမှတ်တံဆိပ်ဖြစ်သော “25hours Hotel” ကို ထိုင်းနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၉ ခုနှစ်၊ ပထမသုံးလပတ် (Q1) တွင် စတင်မိတ်ဆက် ဖွင့်လှစ်သွားမည်ဖြစ်သည်။

CPN ၏ စီးပွားရေးနှင့် ဒီဇိုင်းဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲ Juthatham Chirathivat က ယခုစီမံကိန်းကို SiamSquare ၏ ဖက်ရှင်ဗဟိုချက်ဖြစ်ခဲ့သည့် သမိုင်းကြောင်းကို ဂုဏ်ပြုသောအားဖြင့် အထည်အလိပ်ရက်လုပ်မှု ပုံစံတူ “Fabric of the Future” အသွင် ဒီဇိုင်းဆွဲထားကြောင်း ဆိုသည်။ 

အဆောက်အအုံတွင် အများပြည်သူအပန်းဖြေရန် ‘Social Theatre’ နှင့် မြို့ပြရှုခင်းကြည့်ရှုနိုင်မည့် အမိုးဖွင့်ဥယျာဉ် ‘Skyline Theatre’ တို့ ပါဝင်မည်ဖြစ်သည်။စီမံကိန်းတည်ရှိရာ နေရာသည် တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသည် သန်း ၅၀ ကျော် ဖြတ်သန်းသွားလာပြီး အနီးနားတွင် ချမ်းသာကြွယ်ဝသည့် ဒေသခံ ၁.၂ သန်းကျော် နေထိုင်သဖြင့်၊ ဤစီမံကိန်းသည် လန်ဒန်၏ Shoreditch သို့မဟုတ် ဆိုးလ်၏ Seongsu-dong ကဲ့သို့ ဗန်ကောက်မြို့ကို ကမ္ဘာ့အဆင့်မီ တက်ကြွဆန်းသစ်သော မြို့ပြကြီးဖြစ်လာစေရန် တွန်းအားပေးမည့် အဓိက စီးပွားရေးမောင်းနှင်အားတစ်ခု ဖြစ်လာမည်ဟု မျှော်မှန်းထားပါတယ်။

Source;The Nation