ဘရာဇီးလ်ရဲ့ဂန္ထဝင် နေမာ အနားယူပြီ- နော်ဝေကို ရှုံးပြီး ကမ္ဘာ့ဖလားက ထွက်ခဲ့ရအပြီး နိုင်ငံတကာကစားသမားဘဝကို စံချိန်တင် ၈၀ ဂိုးနဲ့ အဆုံးသတ်

ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်တွင် ဘရာဇီးလ်အသင်းသည် နော်ဝေအသင်းကို ၂-၁ ဂိုး ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက်၊ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူး နေမာ က ၎င်း၏ နိုင်ငံတကာကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

နေမာသည် ၂၀၁၀ ပြည့်နှစ်မှစ၍ ဘရာဇီးလ်အသင်းအတွက် ၁၂၉ ပွဲ ကစားပေးခဲ့ကာ ၈၀ ဂိုးသွင်းယူခဲ့ပြီး၊ အသင်းသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသည့် ဂန္ထဝင်ကစားသမား အဖြစ် ကစားသမားဘဝကို အဆုံးသတ်ခဲ့သည်။ ၎င်းသည် ကမ္ဘာ့ဖလား ၄ ကြိမ် ယှဉ်ပြိုင်ခဲ့ပြီး အိုလံပစ်ရွှေတံဆိပ် (၂၀၁၆) ကိုလည်း ဆွတ်ခူးပေးခဲ့သည်။

သတင်းထွက်ပေါ်လာပြီးနောက် ပြင်သစ်ဂန္ထဝင် Thierry Henry က “သူကတော့ ကျွန်တော် ပိုက်ဆံပေးပြီးကို သွားကြည့်ချင်ရလောက်တဲ့ ကစားသမားမျိုးပါ၊ လူငယ်တိုင်း နေမာ ဖြစ်ချင်ခဲ့ကြတာ” ဟု ဆိုကာ ချီးကျူးခဲ့ပြီး၊ Zlatan Ibrahimović ကလည်း “သူ့ရဲ့ ပါရမီနဲ့ ခြေစွမ်းကတော့ ရူးလောက်စရာပါပဲ၊ ဘရာဇီးလ်ဘောလုံးလောကအတွက် ဝမ်းနည်းစရာ အခိုက်အတန့်ပါပဲ” ဟု ပြောကြားခဲ့သည်။

တစ်ဖက်တွင် ဘရာဇီးလ်ကို နိုင်ခဲ့သည့် နော်ဝေအသင်းသည် ကွာတားဖိုင်နယ်သို့ တက်လှမ်းသွားပြီး ဇူလိုင် ၁၁ ရက်တွင် မက္ကဆီကို သို့မဟုတ် အင်္ဂလန်အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်ပါတယ်။

Source;FoxSports