ဇွန် ၁၂ ရက်ကနေ ၁၅ ရက်အထိ ကပ္ပလီပင်လယ်၊ ထိုင်းနိုင်ငံနဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ အနောက်တောင်မုတ်သုံလေ အရှိန်အလွန်ပြင်းထန်စွာ တိုက်ခတ်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး အလယ်ပိုင်းအနောက်ခြမ်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ နေရာကွက်၍ အလွန်မိုးကြီးနိုင် ပါတယ်။ သို့သော် ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်အတွင်းမှာတော့ မုတ်သုံလေအရှိန် ပြန်လည်လျော့နည်းသွားပြီး မိုးသိသိသာသာ ပါးသွားမှာ ဖြစ်ပါတယ်။
🌧️ ခြုံငုံသုံးသပ်ချက်
▪️ဇူလိုင် ၁၂ – ၁၅ ရက် (မိုးနှင့်လှိုင်းလေ ပြင်းထန်ချိန်): မုတ်သုံလေပြင်းမှုကြောင့် ဒေသအတော်များများတွင် မိုးကြီး၊ အလွန်မိုးကြီးနိုင်သလို ကပ္ပလီပင်လယ်အထက်ပိုင်းတွင် လှိုင်းအမြင့် ၂ – ၄ မီတာ (မိုးခြိမ်းရွာစဉ် ၄ မီတာထက်ကျော်လွန်) အထိ လှိုင်းအလွန်ကြီးနိုင်ပါတယ်။ ပင်လယ်ကွေ့အထက်ပိုင်းနဲ့ ကပ္ပလီပင်လယ်အောက်ပိုင်းမှာလည်း လှိုင်းအမြင့် ၂ – ၃ မီတာအထိ ရှိနိုင်ပြီး မိုးခြိမ်းရွာစဉ် ၃ မီတာထက် မြင့်တက်နိုင်ပါတယ်။
▪️ဇူလိုင် ၁၆ – ၁၈ ရက် (မိုးနှင့်လှိုင်းလေ လျော့နည်းချိန်): မုတ်သုံလေ အရှိန်လျော့သွားပြီး တစ်နိုင်ငံလုံးတွင် မိုးပါးသွားပါမည်။ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းအထက်ပိုင်းတို့တွင်သာ နေရာကွက်၍ မိုးကြီးနိုင်တော့သည်။ ကပ္ပလီပင်လယ်အထက်ပိုင်းတွင် လှိုင်းအမြင့် ၂ မီတာခန့်သာ ရှိပါတော့သည်။
🌀 Typhoon BAVI အခြေအနေ: တရုတ်နိုင်ငံအနောက်ပိုင်းပေါ်တွင် ရှိနေသည့် Typhoon BAVI သည် အပူပိုင်းမုန်တိုင်း နှင့် မုန်တိုင်းငယ် အဖြစ်သို့ တဖြည်းဖြည်း အဆင့်ဆင့်အရှိန်လျော့ကျသွားရန် ရှိပြီး ထိုင်းနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါ။ သို့သော် ထိုဒေသများသို့ သွားရောက်မည့် ခရီးသွားများအနေဖြင့် မိုးလေဝသသတင်းကို ကြိုတင်စစ်ဆေးသင့်ပါသည်။
📍 ဒေသအလိုက် ခန့်မှန်းချက်များ
၁။ မြောက်ပိုင်းဒေသ (Northern Region)
▪️ဇူလိုင် ၁၂ – ၁၆ ရက်: နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။ အနောက်တောင်လေ တစ်နာရီ ၁၀ – ၂၀ ကီလိုမီတာ။
▪️ဇူလိုင် ၁၇ – ၁၈ ရက်: မိုးလျော့သွားပြီး နေရာကွက်ကျားမှ နေရာကျဲကျဲသာ မိုးထစ်ချုန်းရွာကာ နေရာကွက်၍ မိုးကြီးနိုင်ပါသေးသည်။ အနောက်တောင်လေ တစ်နာရီ ၁၀ – ၁၅ ကီလိုမီတာ။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၂၈ – ၃၅°C။
၂။ အရှေ့မြောက်ပိုင်းဒေသ (Northeastern Region)
▪️ဇူလိုင် ၁၂ – ၁၅ ရက်: နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။ အနောက်တောင်လေ တစ်နာရီ ၁၀ – ၂၅ ကီလိုမီတာ။
▪️ဇူလိုင် ၁၆ – ၁၈ ရက်: မိုးလျော့သွားပြီး ဒေသအထက်ပိုင်းတွေမှာပဲ အဓိကထားကာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။ အနောက်တောင်လေ တစ်နာရီ ၁၀ – ၂၀ ကီလိုမီတာ။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၂၈ – ၃၅°C။
၃။ အလယ်ပိုင်းဒေသ (Central Region)
▪️ဇူလိုင် ၁၂ – ၁၅ ရက်: နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။ 💥 အထူးသဖြင့် ဇူလိုင် ၁၂ ရက်တွင် နေရာကွက်၍ အလွန်မိုးကြီးနိုင်ပါသည်။ အနောက်တောင်လေ တစ်နာရီ ၁၀ – ၃၀ ကီလိုမီတာ။
▪️ဇူလိုင် ၁၆ – ၁၈ ရက်: မိုးသိသိသာသာ ပြတ်သွားပြီး နေရာကွက်ကျားသာ မိုးရွာရန် ရှိပါတယ်။ အနောက်တောင်လေ တစ်နာရီ ၁၀ – ၂၀ ကီလိုမီတာ။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၃၁ – ၃၆°C။
၄။ အရှေ့ပိုင်းဒေသ (Eastern Region)
▪️ဇူလိုင် ၁၂ – ၁၅ ရက်: နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
💥 ဇူလိုင် ၁၂ – ၁၄ ရက်အတွင်း နေရာကွက်၍ အလွန်မိုးကြီးနိုင်ပါသည်။ အနောက်တောင်လေ တစ်နာရီ ၂၀ – ၄၀ ကီလိုမီတာ။ လှိုင်းအမြင့် ၂ – ၃ မီတာ (မိုးခြိမ်းရွာစဉ် ၃ မီတာထက်ကျော်လွန်)။
▪️ဇူလိုင် ၁၆ – ၁၈ ရက်: မိုးလျော့သွားပြီး နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပါမည်။ အနောက်တောင်လေ တစ်နာရီ ၁၅ – ၃၅ ကီလိုမီတာ။ လှိုင်းအမြင့် ၁ – ၂ မီတာ (မိုးခြိမ်းရွာစဉ် ၂ မီတာထက်ကျော်လွန်)။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – block၂၈°C၊ အမြင့်ဆုံး ၃၁ – ၃၅°C။
၅။ တောင်ပိုင်းဒေသ – အရှေ့ဘက်ကမ်းရိုးတန်း (Southern – East Coast)
▪️ဇူလိုင် ၁၂ – ၁၅ ရက်: နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
💥 ဇူလိုင် ၁၃ ရက်တွင် နေရာကွက်၍ အလွန်မိုးကြီးနိုင်ပါသည်။
▪️Surat Thani မြောက်ပိုင်း: လှိုင်းအမြင့် ၁ – ၂ မီတာ (ကမ်းလွန်နှင့် မိုးခြိမ်းရွာစဉ် ၂ မီတာထက်ကျော်လွန်)။
▪️Nakhon Si Thammarat တောင်ပိုင်း: လှိုင်းအမြင့် ၁ – ၂ မီတာ (ကမ်းလွန်တွင် ၂ မီတာခန့်၊ မိုးခြိမ်းရွာစဉ် ၂ မီတာထက်ကျော်လွန်)။
▪️ဇူလိုင် ၁၆ – ၁၈ ရက်: နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပါမည်။ လှိုင်းအမြင့် ၁ မီတာခန့် (ကမ်းလွန် ၁ – ၂ မီတာ)။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၈°C၊ အမြင့်ဆုံး ၃၁ – ၃၇°C။
၆။ တောင်ပိုင်းဒေသ – အနောက်ဘက်ကမ်းရိုးတန်း (Southern – West Coast)
▪️ဇူလိုင် ၁၂ – ၁၅ ရက်: နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
💥 ဇူလိုင် ၁၂ – ၁၃ ရက်အတွင်း နေရာကွက်၍ အလွန်မိုးကြီးနိုင်ပါသည်။
▪️Phuket မြောက်ပိုင်း: အနောက်တောင်လေ တစ်နာရီ ၂၀ – ၄၅ ကီလိုမီတာ။ လှိုင်းအမြင့် ၂ – ၄ မီတာ (မိုးခြိမ်းရွာစဉ် ၄ မီတာထက်ကျော်လွန်)။
▪️Krabi တောင်ပိုင်း: အနောက်တောင်လေ တစ်နာရီ ၂၀ – ၄၀ ကီလိုမီတာ။ လှိုင်းအမြင့် ၂ – ၃ မီတာ (မိုးခြိမ်းရွာစဉ် ၃ မီတာထက်ကျော်လွန်)။
▪️ဇူလိုင် ၁၆ – ၁၈ ရက်: မိုးလျော့သွားပြီး နေရာကျဲကျဲ မိုးထစ်ချုန်းရွာပါမည်။
▪️Phuket မြောက်ပိုင်း: လှိုင်းအမြင့် ၂ မီတာခန့်။ Krabi တောင်ပိုင်း: လှိုင်းအမြင့် ၁ – ၂ မီတာ။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၂၉ – ၃၆°C။
၇။ ဘန်ကောက်နှင့် မဟာနဂရဒေသ (Bangkok Metropolitan)
▪️ဇူလိုင် ၁၂ – ၁၅ ရက်: နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ အနောက်တောင်လေ တစ်နာရီ ၁၀ – ၃၀ ကီလိုမီတာ။
▪️ဇူလိုင် ၁၆ – ၁၈ ရက်: မိုးလျော့သွားပြီး နေရာကွက်ကျားသာ မိုးရွာရန် ရှိပါတယ်။ အနောက်တောင်လေ တစ်နာရီ ၁၀ – ၂၀ ကီလိုမီတာ။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၆ – ၂၉°C၊ အမြင့်ဆုံး ၃၁ – ၃၆°C။
⚠️ အထူးသတိပေးချက်
၁။ လျှပ်တစ်ပြက်ရေကြီးခြင်းဘေး: ဇူလိုင် ၁၂ – ၁၅ ရက်အတွင်း အလယ်ပိုင်းဒေသအနောက်ခြမ်း၊ အရှေ့ပိုင်းဒေသနှင့် တောင်ပိုင်းအနောက်ဘက်ကမ်းရိုးတန်းရှိ ပြည်သူများအနေဖြင့် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး မိုးရေချိန်စုဆောင်းလာမှုကြောင့် တောင်ခြေအနီးရှိ ရေလမ်းကြောင်းများနှင့် မြေနိမ့်ပိုင်းဒေသများတွင် လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် ရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် အထူးသတိပြု နေထိုင်ကြပါရန်။
၂။ ကမ်းခြေလှိုင်းရိုက်ခတ်မှုအန္တရာယ်: တောင်ပိုင်း (အနောက်ဘက်ကမ်းရိုးတန်း) ကမ်းရိုးတန်းတစ်လျှောက် နေထိုင်သူများအနေဖြင့် ကမ်းခြေသို့ လှိုင်းကြီးများ ရိုက်ခတ်ခြင်း ဘေးအန္တရာယ်ကို သတိပြုကြပါရန်။
၃။ စက်လှေငယ်များအတွက်: ကပ္ပလီပင်လယ်နှင့် ပင်လယ်ကွေ့အထက်ပိုင်းရှိ စက်လှေငယ်များအနေဖြင့် လှိုင်းလေအလွန်ကြမ်းတမ်းနိုင်သောကြောင့် ဇူလိုင် ၁၅ ရက်အထိ ကမ်းနား၌သာ အခြေပြုကြရန် (ကမ်းလွန်သို့ လုံးဝမထွက်ကြရန်) အထူးနှိုးဆော်အပ်ပါသည်။
