ယနေ့ ပြုလုပ်သည့် တရားမျှတရေး ဝန်ကြီးဌာန ခံဝန်ကော်မတီ အစည်းအဝေးတွင် တစ်နိုင်ငံလုံးရှိ အကျဉ်းသား ၅၀၀ ကျော်ကို စိစစ်ခဲ့ပြီးနောက် ထက်ဆင်ကို ခံဝန်ဖြင့် လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ထက်ဆင်သည် လာမည့် မေလ ၁၁ ရက်နေ့တွင် ကလောင်ပရမ် (Klong Prem) ဗဟိုအကျဉ်းထောင်မှ လွတ်မြောက်မည် ဖြစ်ပါတယ်။ ၎င်းသည် ပြစ်ဒဏ်၏ သုံးပုံနှစ်ပုံကို ကျခံပြီးဖြစ်သဖြင့် ခံဝန်အတွက် အရည်အချင်း ပြည့်မီခြင်း ဖြစ်ပါတယ်။အသက် ၇၆ နှစ်ရှိပြီဖြစ်သော ထက်ဆင်သည် အသက် ၇၀ ကျော် ဖြစ်ခြင်းနှင့် နာတာရှည် ရောဂါအခံများ ရှိနေခြင်းကြောင့် ခြေထောက်တွင် အီလက်ထရောနစ် စောင့်ကြည့်ကိရိယာ (EM) တပ်ဆင်ရန် မလိုဟု ဆုံးဖြတ်ခဲ့ပါတယ်။
ထက်ဆင်သည် ၂၀၀၆ ခုနှစ် မတိုင်မီ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်က အာဏာအလွဲသုံးစားမှုနှင့် အကျိုးစီးပွား ပဋိပက္ခများအတွက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှစ၍ ထောင်ဒဏ် တစ်နှစ် စတင်ကျခံခဲ့ရခြင်း ဖြစ်ပါတယ်။ ၂၀၂၃-၂၄ ခုနှစ်အတွင်း ရဲဆေးရုံတွင် တက်ရောက်ကုသခဲ့သည့် ကာလကို အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံသည့် ကာလအဖြစ် တရားရုံးက ထည့်သွင်းတွက်ချက်ပေးခြင်း မရှိခဲ့ကြောင်း သိရပါတယ်။
က်ဆင်သည် လွတ်မြောက်ပြီးနောက် ကျန်ရှိနေသည့် ပြစ်ဒဏ် ၄ လ ကာလအတွင်း ခံဝန်ကြီးကြပ်ရေး အရာရှိများထံ ပုံမှန်သတင်းပို့ရမည် ဖြစ်သလို၊ သတ်မှတ်ထားသည့် နေရပ်လိပ်စာတွင် နေထိုင်ရမည် ဖြစ်ပါတယ်။ နယ်မြေကျော် သွားလာလိုပါက ကြိုတင်ခွင့်ပြုချက် ရယူရမည် ဖြစ်ပါတယ်။
Source;Bangkok Post
