ရတ်ချ်ဘူရီတွင် စနူကာလောင်းကစား ပြုလုပ်နေသည့် မြန်မာလုပ်သား ၁၈ ဦးအား အုပ်ချုပ်ရေးအဖွဲ့ ဝင်ရောက်ဖမ်းဆီး

ရတ်ချ်ဘူရီ၊ ဇူလိုင် ၂၆ (၂၀၂၆) – ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီပြည်နယ် (Ratchaburi)၊ မောင်းမြို့နယ်၊ နောင်ကလန်းနား (Nong Klang Na) ကျေးရွာအုပ်စု၊ အမှတ် (၇) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ မြန်မာလုပ်သားများ စနူကာ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ အာဏာပိုင်များ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြန်မာလုပ်သား ၁၈ ဦးနှင့် လောင်းကစားဒိုင်အဖြစ် ပြုလုပ်သူတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်ဗျာ။
အဆိုပါနေရာတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ နီးပါး စုဝေး၍ စနူကာရိုက်ခြင်း၊ ပိုက်ကျော်ခြင်းခတ်ခြင်းများနှင့် အသံကျယ်လောင်စွာ ဆူပူပြုမူနေပြီး လောင်းကစားများ ပြုလုပ်နေကြောင်း ဒေသခံများက တိုင်ကြားခဲ့သဖြင့် ရတ်ချ်ဘူရီမြို့နယ် အုပ်ချုပ်ရေးမှူး Mr. Adul Thawornkul ၏ ညွှန်ကြားချက်ဖြင့် နယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့၊ လဝက တပ်ဖွဲ့တို့ ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
စစ်ဆေးရာတွင် စနူကာရိုက်၍ ငွေကြေးကြေးကြေးဖြင့် လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံသား ၁၈ ဦး ကို လက်ဝယ်တွင် ဖမ်းဆီးရမိခဲ့သည်။
စနူကာဝိုင်း အနောက်ဘက်၌ အသံကျယ်လောင်စွာ ပိုက်ကျော်ခြင်းခတ်နေသည့် မြန်မာလုပ်သား ၇၀ နီးပါးကိုလည်း ထိန်းသိမ်း၍ ဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း မူးယစ်ဆေးဝါး သုံးစွဲထားခြင်း မရှိသဖြင့် ၎င်းတို့အား ပြန်လည်လွှတ်ပေးခဲ့သည်။
စနူကာခုံ ၃ ခုံ၊ စနူကာဘောလုံးများ၊ စနူကာထောက်တံ (၈) ချောင်းတို့ကို သိမ်းဆည်းခဲ့သည်။ စနူကာဆိုင်ပိုင်ရှင်၏ ထွက်ဆိုချက်အရ တနင်္ဂနွေနေ့များတွင်သာ နံနက်ပိုင်းမှ ည ၉ နာရီအထိ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခွင့်ပြုချက်မရှိဘဲ လောင်းကစားဝိုင်း စီစဉ်ကျင်းပပေးမှုဖြင့် အရေးယူပြီး ဆိုင်ကိုလည်း လုံးဝပိတ်သိမ်းစေခဲ့သည်။ခွင့်ပြုချက်မရှိဘဲ လောင်းကစားဝိုင်းတွင် ပါဝင်လောင်းကစားမှုဖြင့် အရေးယူထားသည်။
ဖမ်းဆီးရမိသူများနှင့် သက်သေပစ္စည်းများအားလုံးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ရတ်ချ်ဘူရီမြို့မ ရဲစခန်း (Muang Ratchaburi Police Station) သို့ လွှဲပြောင်းပေးအပ်ထားသည်။

Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี