ဂျပန် ကူမာမိုတိုတွင် ပြင်းအား ၇.၁ ရှိ ငလျင်လှုပ်၊ အိမ်ခြေ သောင်းချီ မီးပြတ်ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်

တိုကျို၊ ဇူလိုင် ၂၈ (၂၀၂၆) – ဂျပန်နိုင်ငံ တောင်ပိုင်း ခယူးရှူးကျွန်း (Kyushu) ရှိ ကူမာမိုတိုခရိုင်တွင် အင်္ဂါနေ့ (ဇူလိုင် ၂၈ ရက်) က ပြင်းအား ၇.၁ အဆင့် ရှိ အားကောင်းသော ငလျင်လှုပ်ခတ်သွားခဲ့ရာ အိမ်ခြေ ၄၀,၀၀၀ ခန့် မီးပြတ်တောက်သွားခဲ့ပြီး ကျည်ဆန်ရထား ခရီးစဉ်များလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။
ဂျပန်မိုးလေဝသအေဂျင်စီက ၁ မီတာအထိ မြင့်နိုင်သည့် ဆူနာမီ သတိပေးချက် နှင့် ခရိုင် ၇ ခုသို့ အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ထားသည်။ ဒေသတွင်း နျူကလီးယားစခန်းများတွင် ပျက်စီးမှုမရှိကြောင်း အာဏာပိုင်များက အတည်ပြုထားပြီး၊ Sony နှင့် TSMC စက်ရုံများသည် ထိခိုက်မှု အခြေအနေများကို စစ်ဆေးလျက်ရှိသည်။
အာဏာပိုင်များက ထိခိုက်ပျက်စီးမှု အခြေအနေများကို ဆက်လက်စုံစမ်းနေပြီး ဒေသခံများအနေဖြင့် နောက်ဆက်တွဲ ငလျင်များကို သတိပြုကြရန် နှိုးဆော်ထားသည်။

Source;The Nation