ဇူလိုင်လ ၂ ရက် (ယနေ့) မွန်းလွဲ ၁၁:၃၀ နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ ရနောင်း (Ranong) ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် မြန်မာအလုပ်သမားသံအရာရှိတို့ ပူးပေါင်း၍ ပြစ်ဒဏ်စေ့မြန်မာလုပ်သား ၉၅ ဦးကို ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ တရားဝင် ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
ရနောင်းပြည်နယ် လဝကရဲမှူးကြီး Pol. Maj. Yutitham Phansa-ard ၊ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်စိုးသန်းနှင့် ထိုင်းရွှေ့ပြောင်းလုပ်သားပြန်လည်လွှဲပြောင်းရေးကော်မတီမှ ဌာနဆိုင်ရာ ၉ ခုတို့သည် သက်သေအဖြစ် ပူးပေါင်းပါဝင်ခဲ့ကြသည်။
ထိုင်းနိုင်ငံအတွင်း ဥပဒေချိုးဖောက်မှုအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြစ်ဒဏ်စေ့သွားသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၉၅ ဦး (အမျိုးသား ၇၉ ဦး နှင့် အမျိုးသမီး ၁၆ ဦး) ဖြစ်သည်။
အဆိုပါ မြန်မာလုပ်သားများကို ရနောင်းမြို့ရှိ အကောက်ခွန်ဆိပ်ခံတံတား (Ranong Customs Pier) မှတစ်ဆင့် ကော့သောင်းမြို့သို့ စက်လှေများဖြင့် စနစ်တကျ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ဤသို့ လွှဲပြောင်းပေးအပ်ခြင်းသည် နှစ်နိုင်ငံအာဏာပိုင်များအကြား တရားမဝင်ရွှေ့ပြောင်းလုပ်သားဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူသားချင်းစာနာထောက်ထားစွာဖြင့် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
Source;ตรวจคนเข้าเมืองจังหวัดระนอง ตม.จว.ระนอง
