ဘန်ကောက်၊ ဩဂုတ် ၄ (၂၀၂၆) – K-pop လောက၏ ထိပ်တန်း အနုပညာအေဂျင်စီကြီးတစ်ခုဖြစ်သည့် YG Entertainmentသည် BLACKPINK အဖွဲ့မှ Lisa နှင့် BABYMONSTER အဖွဲ့မှ Pharita၊ Chiquita တို့ကဲ့သို့ အောင်မြင်သည့် ထိုင်းကြယ်ပွင့်များ၏ ခြေရာကို နင်းနိုင်မည့် အနုပညာမျိုးဆက်သစ်များကို ရှာဖွေရန် လာမည့် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၌ လူရွေးပွဲ (Audition) ကျင်းပသွားမည်ဟု တရားဝင် ကြေညာလိုက်ပါတယ်။
ကျင်းပမည့် ရက်နှင့် နေရာ: ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်မှ ၈ ရက်နေ့ အထိ ဘန်ကောက်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။
လျှောက်ထားနိုင်သူများ: ၂၀၀၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မွေးဖွားသူများ လျှောက်ထားနိုင်ပြီး ကျား/မ မရွေး၊ လူမျိုး/နိုင်ငံခြားသား မရွေး ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
လျှောက်ထားသူများသည် မိမိတို့ အယုံကြည်ဆုံး ကဏ္ဍတစ်ခုကို ရွေးချယ်နိုင်သည် –
▪️သီချင်းဆို (Singing)
▪️Rap ဆို (Rap)
▪️အက (Dance)
▪️ရုပ်ရည်/အသွင်အပြင် (Visual)
▪️သရုပ်ဆောင် (Acting)
အွန်လိုင်းမှ ကြိုတင်စာရင်းပေးသွင်းခြင်း (Pre-registration) ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို YG ၏ တရားဝင် ဝဘ်ဆိုက်နှင့် Social Media စာမျက်နှာများမှတစ်ဆင့် ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
BIGBANG၊ 2NE1၊ BLACKPINK၊ WINNER၊ iKON၊ TREASURE နှင့် BABYMONSTER စသည့် ကမ္ဘာကျော် အနုပညာရှင်များကို မွေးထုတ်ပေးခဲ့သည့် YG Entertainment သည် ထိုင်းနိုင်ငံမှ ထွက်ပေါ်လာသည့် အနုပညာရှင်များ၏ ကမ္ဘာ့စင်မြင့်ပေါ်မှ အောင်မြင်မှုကို အသိအမှတ်ပြုကာ ယခုကဲ့သို့ လူရွေးပွဲ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
YG က “K-pop ကို ဝါသနာပါပြီး အရည်အချင်းရှိတဲ့ လျှောက်ထားသူတွေရဲ့ စိန်ခေါ်မှုကို စောင့်မျှော်နေပါတယ်။ YG ရဲ့ အနာဂတ်အသစ်ကို ပူးပေါင်းပုံဖော်ပေးနိုင်မယ့် ထိုင်းနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းက လူငယ်တွေကို တွေ့ဆုံချင်ပါတယ်” ဟု ပြောကြားထားသည်။
Source;Khaosod
