ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဗျူရို (CIB) နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ချွန်ဘူရီခရိုင်၊ ဘန်လာမွန်း (Bang Lamung) မြို့နယ်ရှိ ဂျွန်တီးယန်း (Jomtien) ကမ်းခြေအနီးက ဇိမ်ခံပူးလ်ဗီလာ (Pool Villa) တစ်ခုမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူဟာ မြန်မာနိုင်ငံက ရွှေကုက္ကိုလ် “မီးခိုးရောင်စီးပွားရေး” အင်ပါယာရဲ့ နောက်ကွယ်က အွန်လိုင်းလောင်းကစား မာဖီးယားဂိုဏ်းဝင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ တရုတ်လောင်းကစားသမား ၃ သိန်းကျော် ကစားနေတဲ့ အွန်လိုင်းပလပ်ဖောင်းပေါင်း ၂၃၉ ခုကို လည်ပတ်ပေးနေသူလို့ ဆိုပါတယ်။ ဒီဂိုဏ်းရဲ့ လည်ပတ်ငွေဟာ ထိုင်းဘတ် ၁၃.၁၈ ဘီလီယံ (မြန်မာကျပ်ငွေ ဘီလီယံပေါင်းများစွာ) ခန့်အထိ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
တရုတ်သံရုံးရဲ့ သတင်းပေးချက်အရ ထိုင်းရဲတပ်ဖွဲ့က စောင့်ကြည့်နေစဉ် တရားခံဟာ ဘန်ကောက်ကနေ ပတ္တရားကို ခရီးထွက်ဖို့ ပြင်ဆင်နေချိန်မှာ ရဲတပ်ဖွဲ့က နောက်ယောင်ခံလိုက်ပြီး အရုဏ်တက်အချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ တရားခံဟာ ဖမ်းဝရမ်းကနေ လွတ်မြောက်ဖို့အတွက် သူ့ရဲ့ တရုတ်နိုင်ငံသားအဖြစ်ကို ပြောင်းလဲပြီး Saint Kitts and Nevis နိုင်ငံက နိုင်ငံကူးလက်မှတ် (Passport) ကို အသုံးပြုကာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ဗီဇာကို ထိုင်းအစိုးရက ပယ်ဖျက်လိုက်ပြီဖြစ်ပြီး၊ တရုတ်နိုင်ငံမှာ တရားဥပဒေအရ အပြစ်ပေးခံရဖို့အတွက် ထိုင်းနိုင်ငံကနေ ပြည်နှင်ဒဏ်ပေး (Deportation) ဖို့ လုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်နေပါတယ်။
Source;The Nation
