အယုဒ္ဓယတွင် တရားမဝင် မြန်မာ ၁၇ ဦးအပါအဝင် ၂၆ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဖရာနခွန်စီအယုဒ္ဓယ (Phra Nakhon Si Ayutthaya) ပြည်နယ်၊ ဥထိုင်း (Uthai) မြို့နယ်ရှိ ဆောက်လုပ်ရေး အလုပ်သမားစခန်းတစ်ခုတွင် တရားမဝင် နေထိုင်သူများရှိကြောင်း ပြည်သူများ၏ တိုင်ကြားချက်အရ အုပ်ချုပ်ရေးအဖွဲ့များက ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် ဝင်ရောက်နေထိုင်သည့် မြန်မာ ၁၇ ဦးနှင့် ကမ္ဘောဒီးယား ၉ ဦး၊ စုစုပေါင်း ၂၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

အယုဒ္ဓယပြည်နယ်၊ ဥထိုင်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ ဆောက်လုပ်ရေး အလုပ်သမားစခန်းတစ်ခုလုံးတွင် တရားဝင် စာရွက်စာတမ်းနှင့် အလုပ်လုပ်ခွင့် ကတ်ပြားရှိသူ စုစုပေါင်း ၂၄၄ ဦး (အမျိုးသား ၁၇၁ ဦး၊ အမျိုးသမီး ၇၃ ဦး) ကို စိစစ်တွေ့ရှိခဲ့သည်။

ထိုလုပ်ငန်းခွင့် တရားမဝင် ဖမ်းဆီးရမိသူများ (၂၆ ဦး)မှာမြန်မာနိုင်ငံသား၁၇ ဦး (အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၅ ဦး)နှင့်ကမ္ဘောဒီးယားနိုင်ငံသား ၉ ဦး (အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂ ဦး)ဖြစ်သည်။

အဆိုပါ တရားမဝင် ရွှေ့ပြောင်းလုပ်သား ၂၆ ဦးအား “ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှု” ပုဒ်မဖြင့် ဥထိုင်းမြို့နယ် ရဲစခန်းသို့ လွှဲပြောင်း အမှုဖွင့်ထားသည်။

တရားဥပဒေအရ အရေးယူဆောင်ရွက်ပြီးပါက မိခင်နိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးသွားမည်ဖြစ်ပြီး၊ နောက်တစ်ကြိမ် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုပါက တရားဝင် စာရွက်စာတမ်းများဖြင့်သာ ဝင်ရောက်ကြရန် အာဏာပိုင်များက သတိပေးထားသည်။

Source;ข่าวเวิร์คพอยท์ 23