ဝန်ကြီးချုပ်ဟောင်း ထက်ဆင် အကျဉ်းထောင်မှ လွတ်မြောက် – မိသားစုနှင့် ရှပ်အကျီအနီဝတ် ထောက်ခံသူများက ဝမ်းသာအားရ ကြိုဆို

နံနက်အစောပိုင်းကတည်းက အကျဉ်းထောင်ရှေ့တွင် ရှင်နာဝပ်မိသားစုဝင်များ၊ ဖြူးထိုင်းပါတီ (Pheu Thai) မှ အမတ်များ နှင့် ရှပ်နီ (Red-shirt) ထောက်ခံသူ အမြောက်အမြား စုရုံးရောက်ရှိနေကြပြီး ပတ်ဝန်းကျင်တစ်ခုလုံး သက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။

နံနက် ၇:၄၀ နာရီတွင် ထက်ဆင်သည် အင်္ကျီအဖြူ၊ ဘောင်းဘီရှည် ဝတ်ဆင်ကာ အကျဉ်းထောင်အတွင်းမှ လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ အပြင်သို့ရောက်ရှိလာချိန်တွင် ၎င်း၏သမီးဖြစ်သူ Paetongtarn Shinawatra ကို ဦးစွာဖက်လှဲတကင်း နှုတ်ဆက်ခဲ့ပြီးနောက် ကျန်ရှိသည့် သားသမီး၊ မြေးများ၊ ဆွေမျိုးများနှင့် ဖြူးထိုင်းပါတီဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါတယ်။ 

ထက်ဆင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် ရှပ်နီထောက်ခံသူများက ၎င်း၏အမည်ကို အော်ဟစ်ကာ ကြိုဆိုခဲ့ကြပါတယ်။ အချို့မှာ ဝမ်းသာလွန်း၍ မျက်ရည်ကျသည်အထိ ဖြစ်ခဲ့ကြပြီး သပ်ဆင်ကလည်း လက်အုပ်ချီနှုတ်ဆက်ခြင်း (Wai) နှင့် လက်ဝှေ့ယမ်းခြင်းတို့ဖြင့် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။အကျဉ်းထောင်မှ ထွက်ခွာပြီးနောက် သပ်ဆင်သည် အကျဉ်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ ဘန်ကောက်နွိုင် (Bangkok Noi) ရှိ ပြစ်ဒဏ်စောင့်ကြည့်ရေးရုံး (Probation Office) သို့ သွားရောက်သတင်းပို့ပြီးမှ နေအိမ်သို့ ပြန်လည်သွားရောက်မှာ ဖြစ်ပါတယ်။

Source; The Nation