ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ထက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) သည် မိဖုရားကြီး သုသီတာ (Queen Suthida) ၏ သက်တော် ၄၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် (Royal Pardon) ရရှိသူများစာရင်းတွင် ပါဝင်နေသဖြင့် ကျန်ရှိနေသော ပြစ်ဒဏ်များမှ ချက်ချင်း လွတ်မြောက်ခွင့် ရရှိတော့မည်ဖြစ်ကြောင်း တရားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် (ယနေ့) နံနက် ၀၆:၃၀ နာရီခန့်က စနမ်လွမ် (Sanam Luang) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တရားရေးဝန်ကြီး ရုတ္ထဖွန်း နဝရတ် (Pol. Lt. Gen. Rutthapol Navarat) က ဝန်ကြီးချုပ်ဟောင်း ထက်ဆင်သည် တော်ဝင်လွတ်ငြိမ်းခွင့်စာရင်းတွင် သေချာပေါက် ပါဝင်ကြောင်း သတင်းထောက်များကို အတည်ပြုပြောကြားခဲ့သည်။
သက်ဆင်၏ ကျန်ရှိသော ပြစ်ဒဏ်ကာလမှာ ၁ လနှင့် ဆယ်ရက်ခန့်သာ လိုတော့သဖြင့် ဥပဒေပုဒ်မ ၈ (Section 8) အရ ကျန်ရှိသော ပြစ်ဒဏ်သက်တမ်း ၁ နှစ်အောက်ရှိသူများ ချက်ချင်းလွတ်မြောက်ခွင့်ရမည့် သတ်မှတ်ချက်နှင့် ကိုက်ညီနေသည်။ ထို့ကြောင့် ၎င်းကို ပြစ်ဒဏ်စေ့မြောက်ပြီးသူအဖြစ် သတ်မှတ်ကာ ချက်ချင်းလွတ်ငြိမ်းခွင့် ပေးမည်ဖြစ်သည်။
ထက်ဆင် ဝတ်ဆင်ထားရသည့် အီလက်ထရွန်နစ် စောင့်ကြည့်ခြေကျင်းဝတ် (EM bracelet) ကိုလည်း ချက်ချင်း ဖြုတ်ပယ်နိုင်ပြီဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ သို့သော် လွတ်ငြိမ်းချမ်းသာခွင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်၏ ရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုမူ ဆက်လက်လုပ်ဆောင်ရဦးမည်ဖြစ်သည်။
Source;Khaosod
