လွန်ခဲ့သည့် နှစ်လခန့်က အပစ်အခတ်ရပ်စဲရေး ရရှိထားသော်လည်း၊ ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်) တွင် အစ္စရေးနှင့် အီရန်တို့အကြား ပထမဆုံးအကြိမ်အဖြစ် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်စတင်လာခဲ့ပါတယ်။
အစ္စရေးက လက်ဘနွန်ရှိ ဟစ်ဇဘိုလာစခန်းကို ဗုံးကြဲရာ လူ ၂ ဦး သေဆုံးခဲ့သည်။ ထို့ကြောင့် အီရန်က ကလဲ့စားချေသည့်အနေဖြင့် အစ္စရေးလေတပ်အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး၊ အစ္စရေးကလည်း အီရန်ရှိ ရေနံဓာတုဗေဒစက်ရုံကို ပြန်လည်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယီမင်ဟူသီသူပုန်များက အစ္စရေးကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ ပင်လယ်နီ (Red Sea) အတွင်း အစ္စရေးသင်္ဘောများ သွားလာခြင်းကို လုံးဝပိတ်ပင်ကြောင်း ကြေညာခဲ့သည်။အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားဆဲဖြစ်ရာ၊ ယခုတိုက်ခိုက်မှုကြောင့် စစ်မီးပြင်းထန်လာပြီး ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများ ရုတ်တရက် ခုန်တက်သွားခဲ့သည်။
အမေရိကန်သမ္မတ ထရန့်က အစ္စရေးကို ထပ်မံတုံ့ပြန်ခြင်းမပြုရန် တားမြစ်ထားပြီး၊ အီရန်ကိုလည်း ဒုံးကျည်ပစ်တာရပ်၍ ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ပြန်လာရန် ပြောကြားထားသည်။
Source;Bangkok Post
