အနာဂတ်ဆန်တဲ့ ဒီဂျစ်တယ်အနုပညာနဲ့အတူ ထွက်ရှိလာတဲ့ LISA ရဲ့ “Bad Angel”

ကမ္ဘာကျော်အနုပညာရှင် LISA ဟာ နာမည်ကြီး DJ တေးထုတ်လုပ်သူ Anyma နဲ့ ပူးပေါင်းပြီး “Bad Angel” အမည်ရှိ Melodic Techno တေးသီချင်းသစ်ကို ဧပြီလ ၈ ရက်နေ့က ထွက်ရှိလိုက်ပြီ ဖြစ်ပါတယ်။ 

ဒီသီချင်းဟာ LISA ရဲ့ ထူးခြားတဲ့ အသံပါဝါနဲ့ Anyma ရဲ့ ဆန်းသစ်တဲ့ EDM ထုတ်လုပ်မှုတွေ ပေါင်းစပ်ထားတဲ့အတွက် သူမရဲ့ ဂီတလမ်းကြောင်းကို Pop နယ်ပယ်ထက် ကျော်လွန်ပြီး ပိုမိုရဲရင့်တဲ့ အီလက်ထရောနစ်လောကဆီကို တွန်းပို့လိုက်တာလည်း ဖြစ်ပါတယ်။ “Bad Angel” ရဲ့ Music Video မှာလည်း အနာဂတ်ဆန်တဲ့ Digital အနုပညာဖန်တီးမှုတွေနဲ့အတူ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေကို ထည့်သွင်းတင်ဆက်ထားပါတယ်။ 

Photo – Thai Pr

ဒါ့အပြင် လာမယ့် Coachella 2026 ဂီတပွဲတော်မှာ Anyma ဖျော်ဖြေဖို့ ရှိနေတာကြောင့် ဒီသီချင်းသစ်ကို စင်မြင့်ထက်မှာ အတူတူ မြင်တွေ့ရမလားဆိုတာ ပရိသတ်တွေကြားမှာ အထူးစိတ်လှုပ်ရှားဖွယ် မျှော်လင့်ချက်တွေ မြင့်တက်နေပါတယ်။ အခုခြေလှမ်းဟာ LISA ရဲ့ Solo အနုပညာခရီးလမ်းမှာ ပုံစံသစ်နဲ့ အောင်မြင်စွာ ပြောင်းလဲတင်ဆက်နိုင်မှုတစ်ခုအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

Source; Nation Thailand