ထိုင်းနိုင်ငံ၊ Samut Songkhram ခရိုင်ရှိ အုန်းရည်အတု ထုတ်လုပ်တဲ့ စက်ရုံနှစ်ရုံကို ဖမ်းဆီးရမိပြီးနောက်၊ အဆိုပါ တရားမဝင် လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် နှိမ်နင်းဖို့ ထိုင်းပြည်သူ့ဆက်ဆံရေးအရာရှိ (Ombudsman) က သက်ဆိုင်ရာဌာနတွေကို တိုက်တွန်းလိုက်ပါတယ်။ ဥက္ကဋ္ဌဖြစ်သူ Mr. Songsak Saicheua က လက်ရှိဥပဒေမှာ အားနည်းချက်တွေရှိနေလို့ အုန်းရည်အတု ထုတ်လုပ်သူတွေကို ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိသေးဘဲ ဒဏ်ငွေတပ်ရုံနဲ့ပဲ ပြီးဆုံးနေတာကို ထောက်ပြခဲ့ပါတယ်။
ဒါ့ကြောင့် လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းတာနဲ့ ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့ ဥပဒေတွေကို အမြန်ဆုံး ပြင်ဆင်ဖို့ တွန်းအားပေးနေပါတယ်။
ဒါ့အပြင် စားသုံးသူတွေရဲ့ ကျန်းမာရေးနဲ့ အုန်းစိုက်တောင်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် FDA အပါအဝင် ဌာနပေါင်းစုံပါဝင်တဲ့ အထူးလုပ်ငန်းအဖွဲ့တွေနဲ့ ရှောင်တခင် စစ်ဆေးမှုတွေ (Surprise Visits) ကို တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒီလုပ်ရပ်ဟာ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက်တင်မဟုတ်ဘဲ ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေအပေါ် ယုံကြည်မှု ပျက်ပြားမသွားစေဖို့အတွက်ပါ ရည်ရွယ်တာဖြစ်ကြောင်း သိရပါတယ်။
Source; Bangkok Post
