အမေရိကန်-အီရန် ဆွေးနွေးပွဲများ ယာယီရပ်နား၊ သဘောထားကွဲလွဲမှုများ ရှိနေဆဲ

ဤဆွေးနွေးပွဲသည် ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးနောက်ပိုင်း နှစ်ဖက်အဆင့်မြင့်ခေါင်းဆောင်များအကြား ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံမှုဖြစ်ပြီး ကမ္ဘာ့အကျိုးစီးပွားအတွက် အလွန်အရေးပါသော ဆွေးနွေးပွဲဖြစ်ပါသည်။

၁၄ နာရီကြာ ဆွေးနွေးပြီးနောက် နှစ်ဖက်စလုံးမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများသည် စာရွက်စာတမ်းများ အပြန်အလှန် ဖလှယ်ကြမည်ဖြစ်ပြီး သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အီရန်အစိုးရက ပြောကြားထားသည်။ ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှု၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဤရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးမှာ ဆွေးနွေးပွဲ၏ အဓိကအချက်ဖြစ်ပြီး၊ အမေရိကန်စစ်တပ်က ရေလက်ကြားရှိ မိုင်းများအား ရှင်းလင်းရန် အခြေအနေများ ပြင်ဆင်နေကြောင်း ဆိုသော်လည်း အီရန်ဘက်က ငြင်းဆိုထားသည်။

အီရန်ဘက်က ပြည်ပတွင် ပိတ်ပင်ခံထားရသည့် ၎င်းတို့၏ ပိုင်ဆိုင်မှုများ ပြန်လည်ရရှိရေး၊ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ခွင့်ရရှိရေး၊ စစ်လျော်ကြေးပေးရေးနှင့် လက်ဘနွန်အပါအဝင် ဒေသတွင်း အပစ်အခတ်ရပ်စဲရေးတို့ကို တောင်းဆိုနေသည်။ သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ရေးနှင့် အီရန်၏ နျူကလီးယားအစီအစဉ်ကို ရပ်တန့်စေပြီး အဏုမြူဗုံး မထုတ်လုပ်နိုင်စေရေးကို အဓိကထား ဆောင်ရွက်နေသည်။

ယခင်က သံတမန်ရေးအရ အပယ်ခံဖြစ်ခဲ့သည့် ပါကစ္စတန်နိုင်ငံသည် ယခုအခါ အမေရိကန်နှင့် အီရန်အကြား အောင်မြင်စွာ ကြားဝင်စေ့စပ်ပေးသည့် နိုင်ငံဖြစ်လာပြီး မြို့တော်အစ္စလာမ္မာဘတ်ကိုလည်း လုံခြုံရေး အထူးတင်းကျပ်ထားသည်။

Source;Bangkok Post