Apple ၏ CEO Tim Cook ရာထူးမှအနားယူမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်

ဘန်ကောက်လေကြောင်းလိုင်း (Bangkok Airways) နဲ့ BDMS ဆေးရုံလုပ်ငန်းစုကြီးကို တည်ထောင်သူ၊ ထိုင်းနိုင်ငံရဲ့ သြဇာအရှိဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သူ Dr. Prasert Prasarttong-Osoth ဟာ သက်တမ်း ၉၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။ ကျန်းမာရေးကုသမှု ခံယူနေရင်း ဧပြီလ ၂၁ ရက်၊ အင်္ဂါနေ့မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းဟာ ထိုင်းစတော့ဈေးကွက်ရဲ့ အချမ်းသာဆုံး ရင်းနှီးမြှုပ်နှံသူစာရင်းမှာ နှစ်ရှည်လများ ထိပ်တန်းက ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။

ကွယ်လွန်သူ ဒေါက်တာ Prasert အတွက် တော်ဝင်ရေသပ္ပာယ်ခြင်း အခမ်းအနားနဲ့ အဘိဓမ္မာတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့ (ဧပြီ ၂၂ ရက်) ညနေပိုင်းမှာ ဘန်ကောက်မြို့ရှိ Wat Thepsirin ဘုန်းကြီးကျောင်း၌ ကျင်းပမှာ ဖြစ်ပါတယ်။ ၎င်းရဲ့ ရုပ်အလောင်းကို ရက်ပေါင်း ၁၀၀ တိုင်တိုင် ထားရှိပူဇော်သွားမယ်လို့ မိသားစုက အသိပေးထားပါတယ်။ ဆေးပညာရှင်ဘဝကနေ လေကြောင်းလိုင်း၊ ကျန်းမာရေးနဲ့ မီဒီယာကဏ္ဍတို့မှာ အောင်မြင်တဲ့ စီးပွားရေးအင်ပါယာကြီးကို တည်ထောင်ခဲ့သူဖြစ်တာကြောင့် ၎င်းရဲ့ကွယ်လွန်မှုဟာ ထိုင်းစီးပွားရေးလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ ဖြစ်ပါတယ်။

Source; Bangkok Post