ထိုင်းတောင်ပိုင်းရှိ PTT ဆီဆိုင် ၁၁ ဆိုင်တွင် ဗုံးခွဲတိုက်ခိုက်မှုနှင့် မီးရှို့မှုများ ဖြစ်ပွား

ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ဒေသတွင် ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တနင်္ဂနွေနေ့ မနက်အစောပိုင်းက PTT စက်သုံးဆီဆိုင် ၁၁ ဆိုင်တွင် ဗုံးပေါက်ကွဲမှုနှင့် မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ လက်ရှိအချိန်အထိ ဤဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသေးကြောင်း ကနဦး သိရှိရပါသည်။

တိုက်ခိုက်မှုများကို နရာသီဝပ်၊ ပတ္တနီ နှင့် ယာလာ ခရိုင် ၃ ခုအတွင်း အောက်ပါအတိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည် –

▪️နရာသီဝပ်ခရိုင် (၅ နေရာ): Cho Airong၊ Chanae၊ Rangae၊ Waeng နှင့် Sungai Kolok နယ်မြေများ။

▪️ပတ္တနီခရိုင် (၂ နေရာ): Muang နှင့် Kapho နယ်မြေများ။

▪️ယာလာခရိုင် (၄ နေရာ): Kabang၊ Bannang Sata နှင့် Muang နယ်မြေများ။

Photo Courtesy of Royal Thai Army

ပြည်တွင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ISOC) က ဤတိုက်ခိုက်မှုများကို “မကောင်းသော ရည်ရွယ်ချက်ရှိသူများ” က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် မီးလောင်မှုများကို ထိန်းချုပ်နိုင်ရန် ငြှိမ်းသတ်လျက်ရှိသည်။အာဏာပိုင်များက အခင်းဖြစ်ပွားရာ နေရာများကို ပိတ်ဆို့ထားပြီး စုံစမ်းစစ်ဆေးမှုများ စတင်နေပြီ ဖြစ်သည်။ဒေသတွင်း လုံခြုံရေးအစီအမံများကိုလည်း ယခင်ကထက် ပိုမိုတိုးမြှင့်ထားသည်။

တည်ငြိမ်မှုမရှိသေးသဖြင့် ဒေသခံပြည်သူများနှင့် ခရီးသွားများအနေဖြင့် လက်ရှိအချိန်တွင် စက်သုံးဆီဆိုင်များသို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ကြရန် အာဏာပိုင်များက အကြံပြု သတိပေးထားပါသည်။

Source: Bangkok Post