ပတ္တရားတွင် နတ်ပူဇော်ထားသည့် အုန်းသီးကို မသိဘဲ ဓာတ်ပုံရိုက်ကူးမိသည့် နိုင်ငံခြားသူများ ပြန်လည်တောင်းပန်

ထိုင်းနိုင်ငံ၊ ပတ္တရား (Pattaya) ကမ်းခြေတောင်ဘက်ရှိ သစ်ပင်အောက်တွင် ဒေသခံများ လာဘ်လာဘအတွက် နတ်ပူဇော်ပသထားသည့် အုန်းသီးကို နိုင်ငံခြားသူ ကမ္ဘာလှည့်ခရီးသည် ၂ ဦးက ဝတ်ပြုပစ္စည်းမှန်းမသိဘဲ ဓာတ်ပုံရိုက်ရန် ယူဆောင်ခဲ့မိခြင်းအပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ၎င်းတို့က ပြန်လည်တောင်းပန်ခဲ့ကြပါတယ်ဗျာ။

အသက် ၃၅ နှစ်အရွယ် ကိုဝမ်ချိုင်း (Wanchai) က ကမ်းခြေရှိ သစ်ပင်အောက်တွင် နားနေသော နိုင်ငံခြားသားအဖွဲ့မှ အမျိုးသမီးတစ်ဦးသည် အုန်းသီးကို ကောက်ယူကာ ပင်လယ်ပြင်နောက်ခံဖြင့် ဓာတ်ပုံရိုက်ရန် အသုံးပြုနေသည်ကို ဗီဒီယိုရိုက်ကူးမိခဲ့သည်။

အဆိုပါနေရာသည် ဒေသခံများက ရိုးရာစောင့်ရှောက်သူနတ်မင်းများထံ အုန်းသီး၊ မုန့်များနှင့် အနီရောင်အချိုရည်များကို လာရောက်ပူဇော်လေ့ရှိသည့် နေရာဖြစ်သည်။

ကိုဝမ်ချိုင်းသည် ဘာသာပြန် App ကို အသုံးပြုကာ ယင်းအုန်းသီးမှာ နတ်စာဖြစ်ကြောင်း ရှင်းပြခဲ့ရာ ခရီးသည်များက ၎င်းတို့အနေဖြင့် ဒေသတွင်းဓလေ့ကို မသိရှိဘဲ စော်ကားလိုစိတ်မရှိပါကြောင်း နားလည်ကာ ချက်ချင်းပင် ပြန်လည်တောင်းပန်ခဲ့ကြသည်။

ဒေသခံများကလည်း ၎င်းတို့မှာ မသိနားမလည်၍ လုပ်ဆောင်မိခြင်းဖြစ်ကြောင်း လက်ခံနားလည်ပေးခဲ့ကြပြီး၊ ဤဖြစ်ရပ်သည် ထိုင်းနိုင်ငံသို့ လည်ပတ်သည့်အခါ ဒေသခံတို့၏ ဓလေ့ထုံးတမ်းများကို ခရီးသွားများအနဖြေင့် အထူးသတိပြုရန် လိုအပ်ကြောင်း အွန်လိုင်းတွင် သတိပေးစရာ ဖြစ်လာခဲ့ပါတယ်။

Source;Khaosod

#Mingalarnews #CulturalAwareness #ThailandTourism #ပတ္တရားကမ်းခြေ #ထိုင်းရိုးရာဓလေ့ #ထိုင်းသတင်း