ယနေ့၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပတ္တနီခရိုင်ရှိ စက်သုံးဆီဆိုင်တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အရေးပေါ် သွားရောက်စစ်ဆေးခဲ့ရသည်။
ဖြစ်စဉ်အသေးစိတ်မှာ ပတ္တနီခရိုင်၊ မောင် (Mueang) မြို့နယ်၊ တာလူဘို (Talubo) ကျေးရွာအုပ်စုရှိ တာလူဘို လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် မျက်စိချင်းဆိုင်တွင်ရှိသော PTT ဆီဆိုင်တွင်
မသင်္ကာသူများသည် မသန်စွမ်းသူများအသုံးပြုသည့် အိမ်သာ (Accessible Toilet) အတွင်း၌ ပေါက်ကွဲစေတတ်သော ကိရိယာတစ်ခုကို လာရောက်ထောင်ထားခဲ့ခြင်းဖြစ်သည်။

သတင်းရရှိသည်နှင့်တစ်ပြိုင်နက် ဗုံးရှင်းလင်းရေးအဖွဲ့ (EOD) နှင့် သက်ဆိုင်ရာ အာဏာပိုင်များသည် အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး လူစုခွဲခြင်းနှင့် နယ်မြေလုံခြုံရေးကို ဆောင်ရွက်ခဲ့သည်။ EOD အဖွဲ့သည် ဗုံးတစ်လုံးကို အောင်မြင်စွာ ဖော်ထုတ်ဖျက်ဆီးနိုင်ခဲ့သည်။အဆိုပါ စစ်ဆေးရှင်းလင်းရေး လုပ်ငန်းစဉ်အတွင်း EOD အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ ဆီဆိုင်နှင့် ပတ်ဝန်းကျင်တစ်ဝိုက်ကို ပိုက်စိပ်တိုက် ထပ်မံရှာဖွေနေဆဲဖြစ်ပြီး အခြေအနေမှာ တင်းမာနေဆဲဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် ဒေသခံများနှင့် လမ်းအသုံးပြုသူများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
Source;The Nation
