ပြည်သူ့ကျန်းမာရေးဝန်ကြီး Pattana Prompat ရဲ့ ပြောကြားချက်အရ ဆေးခြောက်ကို အပျော်အပါးသုံးစွဲခြင်းထက် ဆေးဘက်ဆိုင်ရာမှာသာ စနစ်တကျ အသုံးပြုနိုင်ဖို့ အခုလို တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
လက်ရှိဖွင့်လှစ်ထားတဲ့ ဆေးခြောက်ဆိုင် ၁၁,၀၀၀ ကျော်ဟာ နောင်တွင် ကျန်းမာရေးဝန်ထမ်း အမြဲရှိနေရမယ့် “ဆေးဘက်ဆိုင်ရာ ကုသရေးဌာန” များအဖြစ် အသွင်ပြောင်းရမှာ ဖြစ်ပါတယ်။
လက်ရှိလုပ်ငန်းရှင်တွေကို ဒီစည်းကမ်းသစ်တွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့အတွက် ၃ နှစ် အချိန်ပေးသွားမှာ ဖြစ်ပါတယ်။
ဆိုင်တွေရဲ့ လိုင်စင်အခြေအနေကို ပြည်သူတွေက အလွယ်တကူ စစ်ဆေးနိုင်ဖို့အတွက် Database စနစ်နဲ့ ဆိုင်ရှေ့မှာ အမှတ်အသား (Markers) တွေ တပ်ဆင်သွားဖို့ စီစဉ်နေပါတယ်။ ဆေးခြောက်တင်မကဘဲ ထိုင်းတိုင်းရင်းဆေးဘက်ဝင် အပင်တွေကိုလည်း ကျန်းမာရေးစနစ်ထဲမှာ ပိုမိုအသုံးပြုနိုင်ဖို့အတွက် ဘတ် ၂ ဘီလီယံကျော်အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ ရွှေ့ပြောင်းလုပ်သားတွေ (မြန်မာအလုပ်သမားများအပါအဝင်) နဲ့ နိုင်ငံခြားသားတွေအတွက် ကျန်းမာရေးအာမခံ (Health Insurance) စနစ်ကို ပိုမိုကောင်းမွန်အောင် စီမံခန့်ခွဲမယ့်ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
Source; Khaosod English
