Chakri နေ့ အထိမ်းအမှတ် အခမ်းအနားကြောင့် နန်းတော်ကြီးလည်ပတ်ခွင့်အချိန်ကို ဧပြီ ၆ ရက်တွင် ကန့်သတ်ထား

ဘန်ကောက်မြို့ရှိ နန်းတော်ကြီး (Grand Palace) နှင့် Wat Phra Kaew ဘုရားတို့ကို လာမည့် ဧပြီလ ၆ ရက် (Chakri အထိမ်းအမှတ်နေ့) တွင် တော်ဝင်အခမ်းအနား ကျင်းပရန်ရှိသဖြင့် လည်ပတ်ခွင့်အချိန် ကန့်သတ်ထားတယ်လို့ သိရပါတယ်။

အဆိုပါနေ့တွင် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး ဝင်ခွင့်လက်မှတ်များကိုလည်း မွန်းတည့် ၁၂ နာရီအထိသာ ရောင်းချပေးမှာပါ။ သို့သော် Wat Phra Kaew ဘုရားရှိ Ordination Hall ကိုမူ တစ်နေကုန် ပိတ်ထားမှာဖြစ်တယ်လို့ နန်းတော်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်သူများအနေဖြင့် Prasat Phra Thep Bidon ရှိ ရှေးမင်းအဆက်ဆက်၏ ရုပ်တုတော်များနှင့် Dusit Maha Prasat ခန်းမရှိ မယ်တော်ကြီး သီရိခေတ်၏ ရုပ်ကလာပ်တော်ကို မွန်းတည့် ၁၂ နာရီအထိ သွားရောက်ဂါရဝပြုနိုင်ပါတယ်။ သတိပြုရန်မှာ Na Phra Lan လမ်းအောက်ရှိ လူကူးဥမင်စစ်ဆေးရေးဂိတ်ကို နံနက် ၁၁ နာရီတွင် ပိတ်မှာဖြစ်ပြီး၊ လာရောက်လည်ပတ်သူများအနေဖြင့် သတ်မှတ်ထားသော ဝတ်စားဆင်ယင်မှုအတိုင်း အမျိုးသားများ ဂျင်းဘောင်းဘီ မဝတ်ရန်နှင့် အမျိုးသမီးများ စကတ် သို့မဟုတ် ထဘီ ဝတ်ဆင်ရန် အထူးအလေးထား နှိုးဆော်ထားပါတယ်။ ယခုအချိန်ပြင်ဆင်မှုမှာ တော်ဝင်အခမ်းအနားအတွက် ယာယီသတ်မှတ်ချက်သာ ဖြစ်တယ်လို့ သိရပါတယ်။

Source; Nation Thailand