သင်္ကြန်ပထမရက် ယာဉ်မတော်တဆမှု ၁၃၅ ကြိမ်တွင် ၂၀ ဦး သေဆုံး

ပိတ်ရက်အစ ပထမဆုံးနေ့မှာတင် အရှိန်ပြင်းပြင်းမောင်းနှင်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ စတင်ရှိလာတာဖြစ်ပြီး မြို့ပြင်ထွက်မယ့် လမ်းကြောင်းတွေမှာ ယာဉ်ကြော ပိုမိုပိတ်ဆို့လာနိုင်တယ်လို့ သတိပေးထားပါတယ်။

မတော်တဆမှုတွေရဲ့ ၃၇.၇၈ ရာခိုင်နှုန်း ဟာ သတ်မှတ်အရှိန်ထက် ပိုမိုမောင်းနှင်ခြင်းကြောင့်ဖြစ်ပြီး၊ ၂၂ ရာခိုင်နှုန်းကတော့ ကပ်လျက်လမ်းကြောကနေ အန္တရာယ်ရှိစွာ ရှေ့ကဖြတ်ကျော်ဝင်ရောက်ခြင်းကြောင့် ဖြစ်ပါတယ်။

ဆိုင်ကယ်တွေဟာ မတော်တဆမှုအများဆုံး ဖြစ်ပွားတဲ့ယာဉ်ဖြစ်ပြီး၊ နေ့လယ် ၃ နာရီကနေ ညနေ ၆ နာရီ အကြားဟာ မတော်တဆမှု အဖြစ်များဆုံးအချိန် ဖြစ်ပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာ အသက် ၆၀ ကနေ ၆၉ နှစ်ကြား သက်ကြီးရွယ်အိုတွေဟာ အရေအတွက် အများဆုံး ဖြစ်နေပါတယ်။

ထရန်း (Trang) နဲ့ ဆောင်ခလာ (Songkhla) ခရိုင်တို့မှာ မတော်တဆမှု ၈ ကြိမ်စီနဲ့ အများဆုံးဖြစ်ခဲ့ပြီး၊ ပရာချင်ဘူရီ (Prachin Buri) နဲ့ ဆောင်ခလာတို့မှာ သေဆုံးသူ ၂ ဦးစီနဲ့ အများဆုံးရှိခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ အရက်သောက်မောင်းနှင်ခြင်း၊ ဦးထုပ်မဆောင်းခြင်း၊ ခါးပတ်မပတ်ခြင်းတို့အပြင် ပစ်ကပ်ကားနောက်ခန်းမှာ လူတင်ဆောင်မှုတွေကိုပါ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။

Source;The Nation