စပီကာအတွင်း ဝှက်ယူလာသည့် ဘတ် ၆ သန်းကျော်တန် ရွှေ ၁.၃ ကီလိုဂရမ်ကို သုဝဏ္ဏဘူမိ လေဆိပ်တွင် ဖမ်းဆီးရမိ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှ ဘန်ကောက်၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည့် အိန္ဒိယ အမျိုးသား ခရီးသည်တစ်ဦးထံမှ စပီကာအတွင်း သေချာစွာ ဝှက်ယူလာသော ကာလတန်ဖိုး ဘတ် ၆ သန်းကျော် တန်ဖိုးရှိ ရွှေ ၁.၃ ကီလိုဂရမ်ကျော်အား ထိုင်းအကောက်ခွန် အရာရှိများက စစ်ဆေးတွေ့ရှိ ဖမ်းဆီးလိုက်ပါတယ်။

အဆိုပါ ဖမ်းဆီးရမိမှုကို သုဝဏ္ဏဘူမိ လေဆိပ် ခရီးသည် စိစစ်ရေး အကောက်ခွန် အရာရှိများက အောက်တိုဘာ ၁ ရက်နေ့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။အဆိုပါ အိန္ဒိယ အမျိုးသားသည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ လေဆိပ်သို့ လေကြောင်းဖြင့် ဝင်ရောက်လာစဉ် မသင်္ကာသဖြင့် ၎င်း၏ အိတ်များအား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သယ်ဆောင်လာသည့် စပီကာ (Speaker) တစ်ခု၏ အတွင်းပိုင်း၌ သေချာစွာ ဝှက်ထားသော စုစုပေါင်း အလေးချိန် ၁.၃ ကီလိုဂရမ်ကျော်ရှိ ရွှေများကို တွေ့ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး ဘတ် ၆ သန်းကျော် ရှိသည်။

အကောက်ခွန် အရာရှိများက အဆိုပါ အိန္ဒိယ ခရီးသည်အား ထိန်းသိမ်းလိုက်ပြီး သက်သေပစ္စည်း ရွှေများကို သိမ်းဆည်းကာ တရားမဝင် ရွှေမှောင်ခို တင်သွင်းမှုဆိုင်ရာ အကောက်ခွန် ဥပဒေများအတိုင်း ထိရောက်စွာ အရေးယူနိုင်ရေး တရားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။

Source;The Nation