အီရန် အပေါ် စစ်ရေးထိုးစစ်များ (၁၄) ရက်ကြာ ယာယီရပ်ဆိုင်းရန် သမ္မတထရမ့် ဆုံးဖြတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် ဆင်နွှဲနေတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို နှစ်ပတ်ကြာ ရပ်ဆိုင်းဖို့ သဘောတူညီလိုက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ဝါရှင်တန်နဲ့ တီဟီရန်ကြား ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ စစ်သေနာပတိချုပ်တို့ရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဖြစ်ပေါ်လာတာပါ။ ဒါပေမဲ့ ဒီအပစ်အခတ်ရပ်စဲရေး အသက်ဝင်ဖို့အတွက် အီရန်နိုင်ငံဘက်က ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းနဲ့ အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးရမယ်လို့ သမ္မတထရမ့်က ကန့်သတ်ချက် ထားရှိထားပါတယ်။

လက်ရှိမှာ အမေရိကန်အစိုးရဟာ အီရန်ဘက်က တင်ပြလာတဲ့ အချက် ၁၀ ချက်ပါ အဆိုပြုချက်ကို လက်ခံရရှိထားပြီး ဒီအချက်တွေဟာ နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်ဖို့ ခိုင်မာတဲ့ အခြေခံအချက်တွေ ဖြစ်လာနိုင်တယ်လို့ သမ္မတက သုံးသပ်ထားပါတယ်။ အကယ်၍ အီရန်ဘက်က သဘောတူညီချက်အတိုင်း လိုက်နာရင် ကြီးမားတဲ့ စစ်ရေးထိုးစစ်တွေကို ယာယီဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။

Source; Bangkok Post