ခရီးသွားလာမှု အများဆုံးဖြစ်လာမည့် လေဆိပ်များမှာ သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ချင်းမိုင်၊ မဲဖားလုံ (ချင်းရိုင်)၊ ဖူးခက် နှင့် ဟတ်ယိုင် လေဆိပ်တို့ ဖြစ်ပါတယ်။
ပြည်တွင်းခရီးသည် ၁.၄၄ သန်း (၉.၃ ရာခိုင်နှုန်း တိုးတက်လာ) နှင့် နိုင်ငံတကာခရီးသည် ၂.၂၆ သန်း၊ စုစုပေါင်း ၃.၇ သန်းခန့် ခရီးသွားလာကြမည် ဖြစ်သည်။ သင်္ကြန်ပိတ်ရက် ၁၀ ရက်အတွင်း ပြည်တွင်းခရီးစဉ် ၁၀,၉၁၈ ခုနှင့် နိုင်ငံတကာခရီးစဉ် ၁၂,၁၅၂ ခု၊ စုစုပေါင်း ၂၃,၀၇၀ ခရီးစဉ် ပြေးဆွဲရန် မျှော်မှန်းထားပါတယ်။
ခရီးသည်များ အဆင်ပြေစေရန်အတွက် သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ဖူးခက် နှင့် ဟတ်ယိုင်လေဆိပ်တို့တွင် အခမဲ့ ယာဉ်ရပ်နားစခန်းများ စီစဉ်ပေးထားပြီး လိုအပ်သည့်နေရာများတွင် ကြိုပို့ယာဉ် (Shuttle Bus) များလည်း ပြေးဆွဲပေးမည် ဖြစ်သည်။ခရီးသည်များ စောင့်ဆိုင်းချိန် လျှော့ချနိုင်ရန် Self-service check-in၊ အလိုအလျောက် ဝန်စည်ချမှတ်သည့်စနစ် (Bag drop) နှင့် မျက်နှာဖတ်စနစ် (Biometric identification) တို့ကို တိုးမြှင့်တပ်ဆင်ထားပါတယ်။
လေဆိပ်အသီးသီးတွင် ခရီးသည်ကူညီရေးစင်တာများကို ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားမည်ဖြစ်ပြီး ဘာသာစကားမျိုးစုံ ပြောဆိုနိုင်သည့် ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း အင်အားတိုးမြှင့် ချထားပါတယ်။
Source; NBT world
