အခုလို သင်္ကြန်အတက်နေ့မှာ လူအုပ်ကြီးထဲ ရေပက်ထွက်ကြတဲ့အခါ အပူဒဏ်က ကျန်းမာရေးအတွက် တကယ့်ကို စိုးရိမ်စရာ အခြေအနေ ဖြစ်နေပါတယ်။
ဘန်ကောက်မြို့ရဲ့ ဒီကနေ့ အပူအညွှန်းကိန်းဟာ “Dangerous Level” မှာ ရှိနေတာကြောင့် အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားမှု ဒါမှမဟုတ် ရေပက်တာတွေ အချိန်အကြာကြီးလုပ်ရင် အပူလျှပ်တာ (Heatstroke) အလွယ်တကူ ဖြစ်နိုင်ပါတယ်။ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ နေရောင်ခြည်အောက်မှာ အချိန်အကြာကြီးနေရင် အသားအရေလောင်တာနဲ့ မူးဝေတာတွေ ဖြစ်နိုင်ပါတယ်။
အပူဒဏ်ကြောင့် ခန္ဓာကိုယ်ထဲက ရေဓာတ်တွေ မြန်မြန်ကုန်ခမ်းနိုင်လို့ ရေများများသောက်ဖို့နဲ့ နေပူထဲမှာ အရက်သေစာ အလွန်အမင်း သောက်သုံးတာကို ရှောင်ကြဉ်ဖို့ လိုပါတယ်။အပြင်ထွက်ရင် နေကာမျက်မှန်တပ်တာ၊ ဦးထုပ်ဆောင်းတာ ဒါမှမဟုတ် လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ကြဖို့ အကြံပြုထားပါတယ်။
အသက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ရောဂါအခံရှိသူတွေအနေနဲ့ အပူချိန်အမြင့်ဆုံးအချိန် (နေ့လယ် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း) မှာ အပြင်မထွက်ဘဲ အေးမြတဲ့နေရာမှာ နေထိုင်သင့်ပါတယ်။
Source;The Nation
