EV အားသွင်းစဉ် ကားတံခါး Lock ကျပြီး ကလေးငယ်ပိတ်မိမှု ဖြစ်စဉ်

ဖြစ်စဉ်မှာ ည ၁၁ နာရီခန့်တွင် အားသွင်းစခန်းတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကလေးမိခင်ဖြစ်သူက သူမရဲ့ အတွေ့အကြုံကို အွန်လိုင်းမှာ ဝေမျှကာ အခြားယာဉ်မောင်းတွေကို သတိပေးထားပါတယ်။

အဆိုပါမိခင်က သူမဟာ ကားအားသွင်းဖို့ဆင်းတိုင်း သော့ကို ကားထဲမှာပဲ အမြဲထားလေ့ရှိပြီး ယခင်က တစ်ခါမှ Lock မကျဖူးဘူးလို့ ဆိုပါတယ်။ဒီတစ်ကြိမ်မှာတော့ အားသွင်းကြိုးကို ကားမှာတပ်လိုက်တာနဲ့ ကားဆီက Lock ကျတဲ့အသံ ထွက်လာပြီး တံခါးတွေအားလုံး ဖွင့်မရတော့ဘဲ ကလေးငယ်တစ်ဦးတည်း ကားထဲမှာ ကျန်ရစ်ခဲ့တာပါ။

ကံကောင်းထောက်မစွာနဲ့ သူမရဲ့ဖုန်းက လက်ထဲမှာရှိနေလို့ Google Maps ကတစ်ဆင့် အနီးအနားက သော့ပြင်ဆရာကို ရှာဖွေနိုင်ခဲ့ပါတယ်။ သော့ပြင်ဆရာက မိနစ် ၃၀ အတွင်း ရောက်ရှိလာပြီး အခမဲ့ ကူညီပေးခဲ့လို့ ကလေးငယ်ကို ဘေးကင်းစွာ ပြန်ထုတ်နိုင်ခဲ့ပါတယ်။ကလေးငယ်က ကားစခရင်ပေါ်က Lock ကို မတော်တဆ ထိမိသွားတာလား၊ ဒါမှမဟုတ် EV စနစ်ရဲ့ ချို့ယွင်းချက်ကြောင့်လား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

Source; Thaiger