ပတ္တရားလက်နက်မှု နောက်ဆက်တွဲ- ထိုင်းရေတပ်အရာရှိနှင့် အခြား ၂ ဦးကို ဖမ်းဆီးစစ်ဆေး

ရဲတပ်ဖွဲ့သည် ဤလက်နက်မှောင်ခိုကွန်ရက်ကို အမြစ်ပြတ်ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေပြီး၊ တာဝန်ထမ်းဆောင်ဆဲ စစ်ဘက်အရာရှိတစ်ဦးနှင့် စစ်မှုထမ်းဟောင်းတစ်ဦးတို့ကိုလည်း ထပ်မံခေါ်ယူစစ်ဆေးရန် စီစဉ်နေပါတယ်။

ဆတ်တဟစ် (Sattahip) အခြေစိုက် ရေတပ်စစ်ရဲတပ်ရင်းမှ ရေတပ်အရာရှိတစ်ဦးဖြစ်ပြီး လက်နက်များဝယ်ယူစုဆောင်းရာတွင် ပါဝင်သည်ဟု ယူဆရပါတယ်။ ဒေသတွင်း သေနတ်ပစ်ကွင်းတစ်ခုကို လုပ်ကိုင်နေသူဖြစ်ပြီး လက်နက်ရောင်းဝယ်မှုတွင် ဆက်နွှယ်နေသည်ဟု ယူဆရပါတယ်။ လက်နက်ရောင်းဝယ်မှုမှ ရရှိသည့် ငွေကြေးများကို လက်ခံရန် ၎င်း၏ ဘဏ်အကောင့်ကို အသုံးပြုခဲ့သည်ဟု သံသယရှိသူ ဖြစ်ပါတယ်။ (၎င်းကမူ အကောင့်ဖွင့်ပေးရုံသာဖြစ်ပြီး ဘာအတွက်သုံးသည်ကို မသိပါဟု ထွက်ဆိုထားပါတယ်။)

M4 အမျိုးအစား စစ်သုံးရိုင်ဖယ်တစ်လက်လျှင် ဘတ် ၁ သိန်းခန့်ဖြင့် ရောင်းဝယ်ခဲ့ကြကြောင်း စုံစမ်းသိရှိရပါတယ်။ရေတပ်ပြောရေးဆိုခွင့်ရှိသူက ဤအမှုတွင် ရေတပ်အရာရှိများ ပါဝင်နေခြင်းအပေါ် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြစ်မှုထင်ရှားပါက မည်သူ့ကိုမျှ အကာအကွယ်ပေးမည်မဟုတ်ဘဲ ဥပဒေအရရော၊ စစ်စည်းကမ်းအရပါ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

ကားတိမ်းမှောက်စဉ် တရုတ်နိုင်ငံသား Sun Mingchen နှင့်အတူ ပါလာသည့် ထိုင်ဝမ်အမျိုးသမီး (Ma Yu-Hsin) မှာ ၎င်း၏ သူငယ်ချင်းသာဖြစ်ပြီး လက်နက်များနှင့် ဆက်နွှယ်မှုမရှိကြောင်း တွေ့ရှိရသဖြင့် ၎င်းကို ယနေ့တွင် နေရပ်သို့ ပြန်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

Source;Bangkok Post