ဘန်ဆောင်သောင်ရဲစခန်းသည် နံနက် ၂:၁၀ နာရီအချိန်တွင် စက်ရုံအတွင်းရှိ လျှပ်စစ်ကားအားသွင်းစခန်း မီးလောင်နေကြောင်း သတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်ငြှိမ်းသတ်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် EV အားသွင်းစခန်းတစ်ခုလုံး ပျက်စီးသွားခဲ့ပြီး၊ အနီးတွင် အားသွင်းထားသည့် ဘီးလေးဘီးပါ လျှပ်စစ်ထရပ်ကားငယ်တစ်စီးမှာလည်း မီးကူးစက်မှုကြောင့် အနည်းငယ် ပျက်စီးသွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာဖြင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါ။

အသက် ၆၄ နှစ်အရွယ် လုံခြုံရေးဝန်ထမ်း ဦးနရွန် (Narong) ၏ ပြောကြားချက်အရ ညပိုင်းတွင် အလုပ်သမားများမရှိတော့ဘဲ ၎င်းကင်းစောင့်နေစဉ် ပေါက်ကွဲသံကဲ့သို့ အသံတစ်ခု ကြားခဲ့ရပြီးနောက် မီးလောင်မှု စတင်ခဲ့ခြင်းဖြစ်ပါတယ်။ လုံခြုံရေးဝန်ထမ်းများနှင့် ဝန်ထမ်းအိမ်ရာရှိ အလုပ်သမားများက ဓာတုမီးသတ်ဆေးဘူးများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသော်လည်း မီးအရှိန်ပြင်းသဖြင့် ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံခဲ့ရခြင်း ဖြစ်ပါတယ်။
သိုင်ရတ် (Thairath) သတင်းဌာန၏ ဖော်ပြချက်အရ ကနဦးစစ်ဆေးမှုများတွင် လျှပ်စစ်ဝါယာရှော့ (Short Circuit) ဖြစ်ရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်နိုင်သည်ဟု ယူဆရပါတယ်။ ရဲတပ်ဖွဲ့က အားသွင်းစခန်းတွင် ချို့ယွင်းချက်ရှိ၊ မရှိကို အသေးစိတ် ဆက်လက်စစ်ဆေးနေပါတယ်။
Source;Thaiger
