ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် (Sihasak Phuangketkeow) က ဒီခရီးစဉ်ဟာ နှစ်နိုင်ငံကြား ခိုင်မာတဲ့ ဆက်ဆံရေးကို ဖော်ညွှန်းနေတာဖြစ်ပြီး အဆင့်မြင့်စက်မှုကဏ္ဍတွေမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးချဲ့ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံရုံတင်မကဘဲ အထူးသဖြင့် လျှပ်စစ်ကား (EV) ထုတ်လုပ်မှုကဏ္ဍမှာ နည်းပညာလွှဲပြောင်းပေးမှု (Technology Transfer) ကိုပါ ရရှိလိုကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့က လမ်းကြောင်းတစ်ခုပဲ မဖြစ်ချင်ဘူး၊ ကိုယ်ပိုင်စွမ်းဆောင်ရည် မြှင့်တင်နိုင်မယ့် နည်းပညာတွေကို လိုချင်တာ” လို့ ဝန်ကြီးက ဆိုပါတယ်။
စီးပွားရေးအပြင် မြန်မာနိုင်ငံရဲ့ ပဋိပက္ခအခြေအနေနဲ့ ရေကြောင်းလုံခြုံရေးကို ထိခိုက်စေတဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေကိုလည်း ဆွေးနွေးသွားဖို့ ရှိပါတယ်။အဆိုပါ ရေလက်ကြားမှာ ဖြစ်ပေါ်နေတဲ့ အနှောင့်အယှက်တွေဟာ ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စွမ်းအင်လုံခြုံရေးကို ထိခိုက်စေနိုင်တာကြောင့် ရေကြောင်းလွတ်လပ်ခွင့်နဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာဖို့ နှစ်ဖက်စလုံးက အာရုံစိုက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်စပ်ပြဿနာတွေကို ဖြေရှင်းဖို့ တရုတ်က ကြားဝင်စေ့စပ်ပေးဖို့ ကမ်းလှမ်းထားပေမဲ့ ထိုင်းဘက်ကတော့ ကမ္ဘောဒီးယားအနေနဲ့ အပြင်ကနေ ဖိအားပေးတာမျိုးထက် နှစ်ဦးနှစ်ဖက် ရိုးသားစွာ ဆွေးနွေးဖို့ လိုအပ်တယ်လို့ တုံ့ပြန်ထားပါတယ်။ဝမ်ယိဟာ ထိုင်းကိုမလာခင် ကမ္ဘောဒီးယားမှာ ကာကွယ်ရေးဝန်ကြီးနဲ့အတူ “2+2” ဗျူဟာမြောက် ဆွေးနွေးပွဲကို ဦးဆောင်ခဲ့ပြီး နှစ်နိုင်ငံကြား “ရာသီမရွေး ခိုင်မာသည့် အသိုက်အဝန်း (All-weather community)” အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုခဲ့ကြပါတယ်။
Source;Bangkok Post
