ထိုင်းနိုင်ငံ၊ပရာချော့ခီရီခန်းပင်လယ်တွင် သင်္ဘောတိမ်းမှောက်မှု- ပျောက်ဆုံးသူအား ဆက်လက်ရှာဖွေနေ

အဆိုပါဖြစ်စဉ်အတွင်း သင်္ဘောပေါ်ပါလာသူ ၃ ဦးအနက် ၂ ဦးကိုတော့ အနီးနားရှိ ငါးဖမ်းသင်္ဘောတစ်စီးက အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့ကို ကမ်းခြေသို့ ပို့ဆောင်ကာ ဆေးရုံတွင် ကုသမှု ခံယူနေရပါတယ်။

အဆိုပါ ကုန်တင်တွဲသင်္ဘောသည် ချာချိုအန်ဆောင် (Chachoengsao) ခရိုင်မှ ဆူရတ်ထာနီ (Surat Thani) ခရိုင်သို့ ဦးတည်မောင်းနှင်နေခြင်း ဖြစ်ပါတယ်။ သာလုကျွန်းအနီးသို့ ရောက်ရှိစဉ်  ပြင်းထန်သော နွေဦးမုန်တိုင်းနှင့် လေပြင်းများ တိုက်ခတ်ခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။ မုန်တိုင်းကြောင့် အင်ဂျင်ခန်းအတွင်းသို့ ရေများဝင်ရောက်လာပြီးနောက် သင်္ဘောမှာ ပင်လယ်ပြင်အတွင်း တိမ်းမှောက်နစ်မြုပ်သွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။

လက်ရှိတွင် ဒေသခံအာဏာပိုင်များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် ရေတပ်တို့ ပူးပေါင်းပြီး ပျောက်ဆုံးနေသည့် ခရီးသည်ကို ရှာဖွေနိုင်ရန်အတွက် အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်တစ်ဝိုက်တွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြပါတယ်။ သို့သော် ရာသီဥတု အခြေအနေနှင့် ပင်လယ်လှိုင်းလေ အခြေအနေများကြောင့် ရှာဖွေရေးတွင် အနည်းငယ် စိန်ခေါ်မှုများ ရှိနေပါတယ်။

Source;ThaiPBSWorld