ဤတွေ့ဆုံမှုသည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးသော တရုတ်နိုင်ငံခရီးစဉ်ဖြစ်ပြီး၊ ကုန်သွယ်ရေး၊ အီရန်စစ်ပွဲနှင့် ထိုင်ဝမ်အရေး စသည့် အရေးကြီးကိစ္စရပ်များကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
သမ္မတရှီက အမေရိကန်နှင့် တရုတ်တို့သည် “ပြိုင်ဘက်များမဟုတ်ဘဲ မိတ်ဖက်များ” ဖြစ်သင့်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်သလို ထိပ်တိုက်တွေ့ပါက နှစ်ဦးစလုံး ဆုံးရှုံးကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။သမ္မတထရန့်က ရှီကျင့်ဖျင်အား “ကြီးမြတ်သောခေါင်းဆောင်” ဟု ချီးကျူးစကားဆိုခဲ့ပြီး၊ ၎င်းနှင့်အတူ Elon Musk (Tesla) နှင့် Jensen Huang (Nvidia) ကဲ့သို့သော ကမ္ဘာ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော်ကို ခေါ်ဆောင်လာခဲ့ပါတယ်။ ၎င်းက တရုတ်နိုင်ငံနှင့် အပြန်အလှန် အကျိုးရှိမည့် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ရန် မျှော်လင့်ထားပါတယ်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလက ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် တွေ့ဆုံခဲ့စဉ်က အမေရိကန်က တရုတ်ကုန်စည်များအပေါ် စည်းကြပ်သည့် အခွန်နှုန်းထားကို ၅၇% မှ ၄၇% သို့ လျှော့ချပေးခဲ့ဖူးပါတယ်။ ယခုတစ်ကြိမ်တွင်မူ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စွမ်းအင်ဈေးကွက် ဖိအားများရှိနေချိန်တွင် တွေ့ဆုံကြခြင်း ဖြစ်ပါတယ်။
Trump က တရုတ်ဈေးကွက်ကို အမေရိကန်လုပ်ငန်းရှင်များအတွက် ပိုမိုဖွင့်လှစ်ပေးရန် လိုလားနေပြီး၊ ရှီကျင့်ဖျင်ကမူ အမေရိကန်၏ နည်းပညာပို့ကုန် ကန့်သတ်ချက်များကို လျှော့ချပေးရန် တောင်းဆိုဖွယ်ရှိပါတယ်။အီရန်စစ်ပွဲအရေးနှင့် အမေရိကန်က ထိုင်ဝမ်သို့ လက်နက်ရောင်းချနေသည့်ကိစ္စရပ်များမှာ အဓိကအငြင်းပွားဖွယ်ရာများ ဖြစ်နေပါတယ်။
AI (Artificial Intelligence) နှင့် ရှားပါးမြေဒြပ်စင် (Rare Earths) များအပေါ် ထိန်းချုပ်မှုဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်ပါတယ်။
Source;The Nation
