မေလ ၂၄ အထိ ဘန်ကောက်နှင့် ခရိုင် ၆ ခုတွင် ပင်လယ်ဒီရေ ဆက်လက်မြင့်တက်မည်

ထိုင်းနိုင်ငံ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM) က ဘန်ကောက်မြို့အပါအဝင် ဗဟိုပိုင်းခရိုင် ၆ ခုတွင် ၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်မှ ၂၄ ရက်အထိ ပင်လယ်ရေတက်မှု (High sea tides) ကြောင့် မြစ်ရေ၊ ချောင်းရေများ စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာနိုင်ကြောင်း အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါတယ်ဗျာ။

DDPM ညွှန်ကြားရေးမှူးချုပ် Teerapat Katchamat ၏ ပြောကြားချက်အရ ထိုင်းရေတပ် ရေဂရပ်ဖစ်ဌာန (Hydrographic Department) နှင့် ပူးပေါင်းစောင့်ကြည့်ချက်များအရ အောက်ပါအတိုင်း ခန့်မှန်းထားပါတယ်။

သတ်မှတ်ရက်များအတွင်း ညနေ ၇:၀၀ နာရီမှ ညသန်းခေါင် ၁၂:၃၀ နာရီကြား တွင် ရေမျက်နှာပြင် အမြင့်ဆုံးသို့ တက်လာနိုင်ပါတယ်။ပင်လယ်ရေမျက်နှာပြင်ထက် ၁.၈၀ မှ ၁.၉၀ မီတာအထိ မြင့်တက်လာနိုင်ပြီး၊ ယင်းသည် သတ်မှတ်ထားသည့် စိုးရိမ်ရေမှတ်ထက် ၀.၁၀ မှ ၀.၂၀ မီတာ (၄ လက်မမှ ၈ လက်မခန့်) ပိုမိုမြင့်မားနေပါတယ်။ဘန်ကောက်မြို့တွင်းရှိ မြစ်ကမ်းဘေးခရိုင်များ၊ အထူးသဖြင့် ရေကာတာတံတိုင်းအပြင်ဘက်တွင် ရှိသော လူနေရပ်ကွက်များ နှင့် ဗဟိုပိုင်းဒေသရှိ နိမ့်ဆင်းသော မြစ်ကမ်းဘေး ကွန်မြူနီတီများ ရေလျှံနစ်မြုပ်နိုင်ခြေ အလွန်များပြားနေပါတယ်။

သတ်မှတ်ထားသည့် ဘေးအန္တရာယ်ရှိ ခရိုင် (၇) ခု

၁။ ဘန်ကောက် (Bangkok) 

၂။ စမုတ်ပရာကန် (Samut Prakan) 

၃။ နွန်သဘူရီ (Nonthaburi) 

၄။ ပသွမ်ထာနီ (Pathum Thani) 

၅။ ဆာမွတ်ဆာခွန် (Samut Sakhon) 

၆။ ဆာမွတ်စုန်ခရမ် (Samut Songkhram) 

၇။ ချာချိုအန်ဆောင် (Chachoengsao)

 ပြည်သူများ ကြိုတင်ပြင်ဆင်ရန် တိုက်တွန်းချက်များ

အာဏာပိုင်များက ရေလွှမ်းမိုးမှုဒဏ်ကို ကြိုတင်ကာကွယ်နိုင်ရန် ရေဘေးအန္တရာယ်ရှိဇုန်အတွင်း နေထိုင်သူများအား အောက်ပါအတိုင်း မှာကြားထားပါတယ်ဗျ –

📦 ပစ္စည်းများ ရွှေ့ပြောင်းပါ: အရေးကြီးကုန်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို အမြင့်ပိုင်းသို့ ကြိုတင်ရွှေ့ပြောင်းထားပါ။

🔌 လျှပ်စစ်အန္တရာယ် သတိပြုပါ: ရေဝင်လာပါက လျှပ်စစ်ဓာတ်လိုက်မှု (Electric leakage) မဖြစ်စေရန် မိန်းခလုတ်များ၊ ပလတ်ပေါက်များနှင့် လျှပ်စစ်ပစ္စည်းများကို ရေလွတ်ရာတွင် ထားရှိပါ။

🚗 ခရီးသွားလာမှု ရှောင်ကြဉ်ပါ: ရေကြီးနေသည့် လမ်းမများအတွင်း မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်း မပြုပါနှင့်။

📱 သတင်းနားစွင့်ပါ: အစိုးရ၏ သတင်းထုတ်ပြန်ချက်များကို မျက်ခြေမပြတ် စောင့်ကြည့်ပါ။

လက်ရှိတွင် DDPM ၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် စက်ယန္တရားများကို နေရာအနှံ့တွင် အသင့်ပြင်ဆင်ထားရှိပြီး ဖြစ်ပါတယ်။

အရေးပေါ် ဆက်သွယ်ရန် လမ်းကြောင်းများ

ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ် ကြုံတွေ့ရပါက သတင်းပို့ တိုင်ကြားနိုင်ရန် လမ်းကြောင်းများ ဖွင့်လှစ်ပေးထားပါတယ်။THAI DISASTER ALERT Application ကို ဖုန်းထဲတွင် ထည့်သွင်းထားပြီး သတိပေးချက်များ ရယူနိုင်သည်။LINE Official အကောင့်: “ปภ.รับแจ้งเหตุ1784” သို့ ဆက်သွယ်နိုင်သည်။၂၄ နာရီ အရေးပေါ် ဟော့လိုင်းဖုန်း: 1784 သို့ တိုက်ရိုက်ခေါ်ဆိုနိုင်သည်။

Source;The Nation