ထိုင်းဟိုတယ်များအသင်း (THA) နှင့် ထိုင်းဗဟိုဘဏ် (BOT) တို့ ပူးပေါင်းပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ဟိုတယ်လုပ်ငန်းရှင်များ၏ သဘောထားအမြင်အညွှန်းကိန်း (Sentiment Index) အရ အရှေ့အလယ်ပိုင်းတင်းမာမှုများကြောင့် လာမည့် ဒုတိယသုံးလပတ် (Q2) တွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု သိသိသာသာ ကျဆင်းသွားနိုင်ကြောင်း သတင်းရရှိပါတယ်ဗျာ။
ဟိုတယ်လုပ်ငန်းပေါင်း ၁၃၄ ခုကို စစ်တမ်းကောက်ယူခဲ့ရာတွင် လုပ်ငန်းရှင်အများစု (အထူးသဖြင့် ၄ ကြယ်ပွင့်အထက် ဟိုတယ်ကြီးများ) က ယခင်နှစ်ကာလတူထက် ဧည့်သည် လျော့နည်းလာမည်ဟု ယူဆနေကြပါတယ်။
လုပ်ငန်းရှင် ၆၂% ကျော် က အဝေးပြေးဧည့်သည်ဝင်ရောက်မှု ၁၀% ထက်မနည်း ကျဆင်းမည် ဟု ခန့်မှန်းထားသည်။ယင်းအနက် ၃၄% က ပြင်းထန်စွာကျဆင်းမှု (၂၀% အထက်) ကြုံရနိုင်ကြောင်း ဆိုသည်။အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် လေယာဉ်လက်မှတ်ခများ မြင့်တက်လာခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှု ယုံကြည်ချက် လျော့နည်းသွားခြင်းကြောင့် ဖြစ်သည်။လုပ်ငန်းရှင် ၅၂% ခန့်က ဧည့်သည်ဝင်ရောက်မှု ၁၀% မှ ၂၀% ကျော်အထိ လျော့နည်းသွားနိုင်သည်ဟု သုံးသပ်ထားသည်။
၁၇% သော ဟိုတယ်များက တရုတ်ဧည့်သည် ၃၀% ကျော်အထိ အပြင်းအထန် ကျဆင်းမည် ဟု ခန့်မှန်းထားပြီး၊ အခြားဟိုတယ်အများစုကလည်း ၁၀% မှ ၃၀% ကြား လျော့နည်းမည်ဟု ဆိုသည်။ သို့သော် အပြုသဘောဆောင်သည့်အချက်အဖြစ် ကြယ် ၃ ပွင့်အောက် ဟိုတယ်ငယ် ၁၀% ခန့်ကမူ တရုတ်နှင့် အနီးနားနိုင်ငံများမှ ခရီးသွားများသည် လုံခြုံရေးစိုးရိမ်မှု လျော့ကျလာခြင်းနှင့် အခြားနိုင်ငံများအစား ထိုင်းသို့ လမ်းကြောင်းပြောင်းလာခြင်းကြောင့် ပိုမိုတိုးတက်လာနိုင်သည်ဟု မျှော်လင့်နေကြသည်။
လအလိုက်ခန့်မှန်းချက်များအရ (၂၀၂၆) ဧပြီလတွင် ယခင်နှစ်ထပ် ၆၂% နှုန်းကျဆင်းပြီး (၂၀၂၆) မေလမှာတော့ ယခင်နှစ်ထပ် ၅၂% ကျဆင်းတယ်လို့သိရပါတယ်။
ခရီးသွားကဏ္ဍ ကျဆင်းမှုကို ကုစားရန်အတွက် ထိုင်းခရီးသွားလာရေးအာဏာပိုင်အဖွဲ့ (TAT) သည် ဇွန်လမှ ဩဂုတ်လအထိ “Amazing Thailand Grand Sale 2026” စီမံကိန်းကို ဘန်ကောက်၊ ပတ္တရား/ချွန်ပူရီ၊ ချင်းမိုင်၊ အူဒွန်ထာနီ၊ ဖူးခက်နှင့် ဟတ်ယိုင်/ဆုန်ခလာ မြို့ကြီးများတွင် ပြုလုပ်ကာ နိုင်ငံခြားသားများကို အထူးလျှော့စျေးများဖြင့် ဆွဲဆောင်သွားရန် ပြင်ဆင်နေပါတယ်။
🏛️ လုပ်ငန်းရှင်များက အစိုးရထံမှ လိုလားနေသည့် ကူညီပံ့ပိုးမှုများ
၁။ စျေးကွက်လှုံ့ဆော်ရေး: အနီးနားနိုင်ငံများမှ ခရီးသွားများကို ဆွဲဆောင်ရန် ခရီးစရိတ် ထောက်ပံ့ပေးခြင်းနှင့် လုံခြုံရေးဆိုင်ရာ ယုံကြည်မှု တည်ဆောက်ပေးရန်။
၂။ ကုန်ကျစရိတ်လျှော့ချရေး: စွမ်းအင် (မီးဖိုး၊ ရေဖိုး) စရိတ်များ လျှော့ချပေးရန်နှင့် ကော်ပိုရိတ်ဝင်ငွေခွန်၊ မြေခွန်များကို လျှော့ပေါ့ပေးရန်။
၃။ ငွေကြေးအရင်းအနှီး: ဟိုတယ်များ ပြန်လည်မွမ်းမံရန်နှင့် စွမ်းအင်စနစ်ပြောင်းလဲရန် အတိုးနှုန်းသက်သာသော ချေးငွေ (Soft loans) များ ထုတ်ပေးရန်။
၄။ အလုပ်သမားနှင့် အခြားကဏ္ဍ:အဆောက်အအုံစံနှုန်း သင်တန်းများပေးရန်၊ လိုင်စင်လျှောက်ထားမှုများ လွယ်ကူစေရန်နှင့် တရားမဝင် ယာဉ်စီးခကြီးမြင့်မှု ပြဿနာများကို ဖြေရှင်းပေးရန်။
Source;Khaosod
