ထိုင်းနိုင်ငံတွင် စမုတ်စာခွန် အလူမီနီယံစက်ရုံ မီးလောင်မှု – မြန်မာအလုပ်သမားကြီးကြပ်ရေးမှူး၏ ဘတ် ၂ သိန်းနှင့် ရွှေ စာရင်းပျောက်ဆုံး ပျက်စီးခဲ့ရ

ထိုင်းနိုင်ငံ အလယ်ပိုင်း စမုတ်စာခွန် (Samut Sakhon) ခရိုင်ရှိ အလူမီနီယံနှင့် သံမဏိထုတ်လုပ်ရေး စက်ရုံကြီးတစ်ခုတွင် ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းက မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားကြီးကြပ်ရေးမှူး (Supervisor) တစ်ဦး၏ တစ်သက်တာစုဆောင်းထားသမျှ ရွှေနှင့် ငွေကြေးများ အားလုံး မီးထဲပါသွားသည့် ကြေကွဲဖွယ်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်ဗျာ။

ကရထုံဘန် (Krathum Baen) ရဲစခန်းသည် ယနေ့နံနက် ၁၀:၀၀ နာရီခန့်တွင် မူး ၁၊ သာဆောင် (Tha Sao) ဆပ်ဒီစတြစ်ရှိ စက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာဆောင်ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့နှင့် အနီးနားရှိ စည်ပင်သာယာရေးအဖွဲ့များမှ မီးသတ်ကား ၁၀ စီးထက်မနည်း ချက်ချင်းစေလွှတ်ကာ ငြှိမ်းသတ်ခဲ့ရပါတယ်။

မီးသည် စက်ရုံဝန်း၏ နောက်ဘက်ရှိ အလူမီနီယံပြားများ ပုံသွင်းထုတ်လုပ်သည့် ဂိုဒေါင်နံပါတ် (၄) အတွင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပါတယ်။ ပြင်းထန်လှတဲ့ အပူရှိန်ကြောင့် ဂိုဒေါင်အမိုးနှင့် အဆောက်အအုံဖွဲ့စည်းပုံ အချို့ ပြိုကျပျက်စီးခဲ့ရပြီး စက်ပစ္စည်း အမြောက်အမြား မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ကံကောင်းထောက်မစွာဖြင့် ဤဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှု မရှိခဲ့ပါဘူးဗျ။

မီးလောင်မှုကို ဝိုင်းဝန်းငြှိမ်းသတ်နေစဉ်အတွင်း အဆိုပါစက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားကြီးကြပ်ရေးမှူး (Supervisor) တစ်ဦးသည် ၎င်း၏ စားပွဲအံဆွဲထဲတွင် သိမ်းဆည်းထားသည့် ပစ္စည်းများကို ပြန်လည်ယူဆောင်လိုသဖြင့် မီးလောင်နေသော ဂိုဒေါင်အတွင်းသို့ ဝင်ခွင့်ပြုရန် မီးသတ်သမားများထံ ငိုယိုကာ အတင်းအကြပ် တောင်းပန်တိုးလျှိုးခဲ့ရှာပါတယ်။

၎င်း၏ စားပွဲအံဆွဲထဲရှိ အိတ်တစ်အိတ်အတွင်း သိမ်းဆည်းထားသည့် ထိုင်းရွှေအတုံးအခဲ ၁၀ ခဲ(မြန်မာအလေးချိန် ၄ ကျပ်သားကျော် / ၁၅၂ ဂရမ်ခန့်) နှင့် အသားတင် ငွေသားဘတ် ၂၀၀,၀၀၀ (၂ သိန်း) တို့ ဖြစ်ပါတယ်။သို့သော်လည်း ဂိုဒေါင်အတွင်း မီးလောင်ကျွမ်းမှု ပြင်းထန်ပြီး အဆောက်အအုံပြိုကျမှုများရှိနေ၍ အထဲသို့ ဝင်ခွင့်မရခဲ့ဘဲ မီးငြိမ်းသွားပြီးနောက် ရှာဖွေရာတွင်လည်း အဆိုပါ ရွှေနှင့် ငွေသားများအားလုံးကို ပြန်လည်မရရှိတော့ဘဲ ပြာကျပျက်စီးသွားခဲ့ရပါတယ်ဗျာ။

Source;Khaosod