ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်၌ တရားမဝင် တောရိုင်းတိရစ္ဆာန်အရှင်များအား အိတ်အတွင်းဝှက်ကာ အိန္ဒိယသို့ မှောင်ခိုသယ်ရန် ကြိုးပမ်းသည့် မလေးရှားနိုင်ငံသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်ဗျာ။
၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက် နံနက်အစောပိုင်းတွင် အသက် ၃၄ နှစ်အရွယ် မလေးရှားနိုင်ငံသား ဒက်စမွန် ကွန်ဆင်းချိုင် အား အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ထွက်ခွာမည့် လေဆိပ်ထွက်ခွာဆောင် (Gate F3) အနီးတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။၎င်း၏ ခရီးဆောင်သေတ္တာအတွင်း အဝတ်အစားများအောက်တွင် သေချာစွာ ဖုံးအုပ်ဝှက်ထားသည့် တောရိုင်းတိရစ္ဆာန်အရှင် ၂၅၁ ကောင် ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

တရားခံအား တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေ၊ အကောက်ခွန်ဥပဒေတို့ဖြင့် တရားစွဲဆိုထားပြီး လေဆိပ်ရဲစခန်းသို့ လွှဲပြောင်းကာ ကွန်ရက်တစ်ခုလုံးကို ဆက်လက်စုံစမ်းနေသည်။ ကယ်ဆယ်ရမိသည့် တိရစ္ဆာန်များကို တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးရုံးတွင် စောင့်ရှောက်ထားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံကို ကြားစခန်း (Transit) အဖြစ်အသုံးပြုသည့် နိုင်ငံတကာ တိရစ္ဆာန်မှောင်ခိုမှုများ ဆက်တိုက်ဖမ်းဆီးရမိနေသည်။သုဝဏ္ဏဘူမိလေဆိပ်၌ပင် ထိုင်ဝမ်အမျိုးသမီးတစ်ဦးထံမှ ခန္ဓာကိုယ်တွင် ဝှက်သယ်လာသည့် အိန္ဒိယကြယ်လိပ် ၃၀ ကောင် ဖမ်းဆီးရမိခဲ့သည်။

အီကွေဒေါနိုင်ငံလေဆိပ်တွင် ရှားပါး ဂါလာပါဂိုးစ် ပင်လယ်ဖွား အီဂွါနာ ၁၂ ကောင်ကို မှောင်ခိုသယ်ရန် ကြိုးစားသည့် ထိုင်းနိုင်ငံသား ၃ ဦး ဖမ်းဆီးခံခဲ့ရသည်။
Source; Thaiger
