ထိုင်းတွင် သတ်မှတ်ချက်ထက် အဆ ၅၀ နီးပါး ပိုများသော တာရှည်ခံဆေး ပါသည့် အသင့်စားအသားဟင်းတွေ့ရှိ

ထိုင်းနိုင်ငံ ဆေးဘက်ဆိုင်ရာသိပ္ပံဦးစီးဌာနသည် ဈေးကွက်အတွင်း အသင့်စား အသားဟင်းတစ်ခွက်တွင် ဓာတုတာရှည်ခံဆေးတစ်မျိုးဖြစ်သော နိုက်ထရိုက် (Nitrite) ပါဝင်မှုနှုန်း သတ်မှတ်ဥပဒေထက် အဆ ၅၀ နီးပါး (၃,၈၈၀ mg/kg) အထိ မြင့်မားစွာ တွေ့ရှိခဲ့ရသဖြင့် ပြည်သူများ အထူးသတိပြုရန် အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်ဗျာ။ (တရားဝင်ခွင့်ပြုချက်မှာ ၈၀ mg/kg ဖြစ်သည်)။

ခံစားရနိုင်သည့် လက္ခဏာများနှင့် ဆိုးကျိုးများအနေနဲ့ချက်ချင်းဖြစ်နိုင်သည့် လက္ခဏာများမှာ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ လက်ဖျားခြေဖျားများ ထုံကျဉ်ခြင်း၊ ကြွက်သားများ တုန်ခါခြင်းနှင့် သတိလစ်ခြင်း။

ပြင်းထန်ဆိုးကျိုးများမှာ ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်ပြတ်လပ်ပြီး အရေပြားများ ပြာနှမ်းလာခြင်း၊ အသက်ရှူမဝခြင်း၊ နှလုံးခုန်မမှန်ခြင်း ဖြစ်နိုင်ပြီး ပြင်းထန်ပါက သေဆုံးနိုင်သည်။

ကင်ဆာဖြစ်နိုင်ခြေ: ယင်းဓာတုပစ္စည်းပါသော အသားများကို အပူချိန်အလွန်အမင်းမြှင့်၍ ကင်ခြင်း၊ ဖုတ်ခြင်း၊ တူးအောင်ကြော်ခြင်းများ ပြုလုပ်ပါက ကင်ဆာဖြစ်စေသည့် နိုက်ထရိုဆာမင်း (Nitrosamines) ဒြပ်ပေါင်း ထွက်ရှိလာတတ်သည်။

ဝက်အူချောင်း၊ ဘိုလိုနာ နှင့် ဟမ် တို့တွင် နိုက်ထရိတ်နှင့် နိုက်ထရိုက် တွေ့ရှိမှုနှုန်း အမြင့်မားဆုံးဖြစ်သော်လည်း စက်ရုံထုတ်အများစုမှာ ဥပဒေဘောင်အတွင်း၌ ရှိသည်။

ဝက်ချဉ်၊ ဗီယက်နမ်ဝက်အူချောင်း (မူးယော)၊ အီးဆန်ဝက်အူချောင်း နှင့် တရုတ်ဝက်အူချောင်း အုပ်စုတွင်မူ စံချိန်ကျော်လွန်မှုများ တွေ့ရတတ်ပြီး၊ အထူးသဖြင့် ဖော်မြူလာကို တိတိကျကျ မထိန်းချုပ်နိုင်သည့် အသေးစားနှင့် အိမ်တွင်းလုပ်ငန်းသုံး ထုတ်ကုန်များ တွင် ပိုမိုအန္တရာယ်ရှိသည်။

အရောင်တောက်လွန်းလျှင်ရှောင်ပါ။ပုံမှန်မဟုတ်ဘဲ အလွန်အမင်း တောက်ပနေသည့် ပန်းရောင် သို့မဟုတ် အနီရဲရဲအရောင်ရှိသော အသားများနှင့် ဝက်အူချောင်းများကို လုံးဝမဝယ်ယူပါနှင့်။

စားသုံးမှုပုံစံပြောင်းပါ။ ပြုပြင်မွမ်းမံထားသော အသားများကို ဆက်တိုက်စားခြင်းမှ လျှော့ချပြီး အစားအစာကို မျှတစုံလင်အောင် ပြောင်းလဲစားသုံးကြပါ။

Source;The Nation