ထိုင်းအစိုးရသည် ယခုလာမည့် တနင်္ဂနွေနေ့ (မေလ ၃၁ ရက်) တွင် ကျင်းပမည့် “Bangkok Pride Festival 2026” ရောင်စုံသက်တံလှည့်လည်ပွဲကြီးသို့ အများပြည်သူအားလုံး ပါဝင်ဆင်နွှဲကြရန် တရားဝင် ဖိတ်ခေါ်လိုက်ပါတယ်။
ယခုပွဲသည် ထိုင်းနိုင်ငံ၏ တန်းတူညီမျှအိမ်ထောင်ပြုခွင့်ဥပဒေ (Marriage Equality Law) ကို ထောက်ခံကြောင်း ထပ်လောင်းပြသရုံသာမက ကမ္ဘာလုံးဆိုင်ရာ “World Pride 2030” ပွဲတော်ကြီးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရေး ကြိုးပမ်းမှု၏ အဓိကခြေလှမ်းတစ်ခုလည်း ဖြစ်သည်။
ယခုနှစ်တွင် လှည့်လည်မည့်လမ်းကြောင်းကို တိုးမြှင့်လိုက်ပြီး Khlong Chong Nonsi အများပြည်သူသုံးပန်းခြံမှစတင်ကာ၊ ဆီလုံလမ်း (Silom Road) တစ်လျှောက် ဖြတ်သန်း၍ ရာမ ၁ လမ်း (Rama I Road) အထိ ၅ ကီလိုမီတာအထိ ရှည်လျားစွာ ခမ်းနားထည်ဝါစွာ ချီတက်ကြမည်ဖြစ်သည်။ခေတ်သစ် Pride အလှပြယာဉ်များအပြင် ထိုင်းအရှေ့မြောက်ပိုင်း (အီဆန်) ၏ ဒေသန္တရရိုးရာယဉ်ကျေးမှုများကိုပါ ထည့်သွင်းပြသမည်ဖြစ်သည်။
Thephasadin အားကစားကွင်း ရှိ Pride Stage ပေါ်တွင် ထိုင်းနိုင်ငံ၏ နာမည်ကြီး လျှမ်းလျှမ်းတောက် မော်လမ် (Mor Lam) ဇာတ်အဖွဲ့ကြီးဖြစ်သည့် “Rabiab Wathasin” က အထူးဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။
ထိုင်းလူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန (MSDHS) သည် ကမ္ဘာလှည့်ခရီးသွားများနှင့် LGBTQ+ အဖွဲ့အစည်းများကို ဖွဲ့စည်းပုံအခြေခံအဆင့်ကတည်းက ကြိုဆိုရန် အဆင်သင့်ဖြစ်နေကြောင်း ပြသသည့်အနေဖြင့် Bangkok Pride အဖွဲ့နှင့်အတူ “Pride City Network” ဟူသော နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့သည်။
ပွဲတော်ကို ဘန်ကောက်တစ်ခုတည်းတွင်တင်မကဘဲ ထိုင်းနိုင်ငံရှိ ရှေ့ပြေးခရိုင် ၅၈ ခု အထိ ကွန်ရက်ချိတ်ဆက်ကာ ကျင်းပသွားမည်ဖြစ်သည်။
World Pride 2030 ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် နိုင်ငံ၏ အခြေခံအဆောက်အအုံပိုင်း အဆင်သင့်ဖြစ်မှုကို သက်သေပြရန်နှင့် ရေရှည်အားဖြင့် လူ့အခွင့်အရေးနှင့် နိုင်ငံ၏ “သက်တံရောင်စီးပွားရေး” (Rainbow Economy) ကို မြှင့်တင်ရန် ဖြစ်သည်။
Source;Khaosod
