ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနသည် လျှပ်စစ်ရထားလိုင်းအားလုံး (မြေအောက်/မိုးပျံ) တွင် တစ်ပြေးညီအသုံးပြုနိုင်မည့် “တစ်ဦးတည်းသုံး ရထားလက်မှတ်စနစ် (Joint Ticket Policy)” ကို လာမည့်အပတ်တွင် အစိုးရအဖွဲ့ (Cabinet) ထံ တင်ပြအတည်ပြုချက် ရယူတော့မည်ဖြစ်ကြောင်း သိရပါတယ်ဗျာ။
၂၀၂၆ ခုနှစ်ကုန် (နှစ်သစ်ကူးလက်ဆောင်အဖြစ်) စတင်ရန် ရည်မှန်းထားပြီး၊ လိုင်းပြောင်းစီးလျှင် ကနဦးဝင်ကြေး ထပ်မပေးရဘဲ ခရီးစဉ်တစ်ခုလျှင် ၁၇ ဘတ်မှ အများဆုံး ၄၅ ဘတ် သာ ကျသင့်မည်ဖြစ်သည်။
စနစ်တစ်ခုတည်းအောက် ရောက်ရှိရန် ပုဂ္ဂလိကရထားလိုင်းများကို ထိုင်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (MRTA) က လွှဲပြောင်းဝယ်ယူမည်ဖြစ်ပြီး၊ ရန်ပုံငွေအတွက် စတော့ဈေးကွက်ရှိ Thailand Future Fund (TFF) မှတစ်ဆင့် ရှာဖွေရန် စီစဉ်နေသည်။
ဖူးခက်၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ဥမင်လှိုဏ်ခေါင်းပါဝင်သည့် အမြန်လမ်းစီမံကိန်းကို လာမည့် ၁ လ သို့မဟုတ် ၂ လအတွင်း ဆောက်လုပ်ရေးစာချုပ် လက်မှတ်ရေးထိုးမည်။ထိုင်းအစိုးရသည် မြေယာလျော်ကြေး ဘတ် ၁၃-၁၄ ဘီလီယံသာ စိုက်ထုတ်ရမည်ဖြစ်ပြီး၊ ကျန်ဆောက်လုပ်ရေးစရိတ်များကို ပုဂ္ဂလိကကသာ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ ဤလမ်းကြောင်းသည် မလေးရှားထက် ကုန်စည်ပို့ဆောင်ချိန်ကို ၂ ရက်ခွဲခန့် ပိုမိုမြန်ဆန် စေမည်ဖြစ်သည်။
ဒီစီမံကိန်းတွေ အောင်မြင်လာရင် ဘန်ကောက်မှာရှိတဲ့ ရုံးဝန်ထမ်းတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ နေ့စဉ်သွားလာစရိတ်ကို အများကြီး သက်သာစေမှာဖြစ်ပြီး၊ တောင်ပိုင်း Landbridge ကလည်း ထိုင်းနိုင်ငံကို အာဆီယံရဲ့ အဓိက Logistics ဗဟိုချက် ဖြစ်လာစေမှာပါ။
Source;The Nation
