ချွန်ပူရီခရိုင် (Chon Buri) ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုံခြုံရေးဝန်ထမ်းအား ဓားဖြင့်ထောက်၊ ခြေလက်တုပ်နှောင် ရိုက်နှက်ပြီး ဘတ် ၆ သိန်းခန့်တန် လျှပ်စစ်ကေဘယ်ကြိုးများကို ခိုးယူခဲ့သည့် မြန်မာ ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက် မနက်အစောပိုင်းက လူ ၁၀ ဦးထက်မကပါဝင်သော မြန်မာဂိုဏ်းသည် ပစ်ကပ်ကား ၂ စီးဖြင့် ရောက်ရှိလာကာ လုံခြုံရေးအစောင့်ကို တုပ်နှောင်ရိုက်နှက်ပြီး ကြိုးအသစ်များကို တင်ဆောင်ထွက်ပြေးခဲ့ကြသည်။
ရဲတပ်ဖွဲ့က CCTV မှတစ်ဆင့် ကားနံပါတ်ကို ခြေရာခံကာ ရယောင်းခရိုင်တွင် တရားခံ ရဲထွေး (၃၄ နှစ်)၊ စိုင်းထက်အောင် (၂၇ နှစ်)၊ ဝေယံ (၁၈ နှစ်) နှင့် ရဲကိုလင်း (၃၄ နှစ်) တို့ ၄ ဦးကို ဖမ်းဆီးခဲ့သည်။
တရားခံများသည် ခိုးရာပါကြိုးများကို ပစ္စည်းဟောင်းဆိုင်သို့ ရောင်းချခဲ့ကြောင်း ဝန်ခံခဲ့သဖြင့် ရဲတပ်ဖွဲ့က ဆိုင်သို့သွားရောက်ကာ ကေဘယ်ကြိုးများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့သည် ခေါင်းဆောင်အပါအဝင် ထွက်ပြေးလွတ်မြောက်နေသည့် ကျန်ရှိသော တရားခံများကို ဆက်လက် လိုက်လံဖမ်းဆီးနေပါတယ်။
Source;Thaiger
