လာအိုနိုင်ငံက ၂၀၂၆ ကမ္ဘာ့ဖလား ပြသခွင့် မူပိုင်ခွင့်ရရှိပြီး ပွဲစဉ်အားလုံး အခမဲ့ပြသမည်၊ ထိုင်းနှင့် မြန်မာတို့တွင်မူ ဆွေးနွေးဆဲအဆင့်သာ ရှိသေး

မနေ့က (၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်) ထွက်ပေါ်လာသည့် သတင်းများအရ လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ပြသခွင့် မူပိုင်ခွင့်ကို အောင်မြင်စွာ ရရှိသွားခဲ့ပြီး တစ်နိုင်ငံလုံးရှိ မိဘပြည်သူများအတွက် ပွဲစဉ် ၁၀၄ ပွဲစလုံးကို လာအိုဘာသာစကား နောက်ခံဝေဖန်ချက်များဖြင့် အခမဲ့ (Free of charge) တိုက်ရိုက်ပြသပေးတော့မည် ဖြစ်ပါတယ်ဗျာ။ အဆိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လာမည့် ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။

လာအိုသတင်းအေဂျင်စီ (KPL) ၏ ဖော်ပြချက်အရ လာအိုဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Star Telecom (Unitel) က ဖီဖာ (FIFA) အဖွဲ့ချုပ်နှင့် သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

လာအိုပြည်သူများသည် ကမ္ဘာ့ဖလား ပွဲစဉ် ၁၀၄ ပွဲစလုံးကို LaoTV ပလတ်ဖောင်းမှတစ်ဆင့် အခမဲ့ကြည့်ရှုနိုင်မည့်အပြင်၊ ဖုန်းများနှင့် အွန်လိုင်းမှတစ်ဆင့် ပွဲပြီးဟိုက်လိုက် (Highlights) များနှင့် ပွဲပြန်လည်ပြသမှု (Replays) များကို အချိန်မရွေး ကြည့်ရှုနိုင်မည်ဖြစ်သည်။

စားသောက်ဆိုင်များ၊ ပတ်ဘ် (Pubs) များ၊ ဘားများနှင့် Shopping Mall များကဲ့သို့ အများပြည်သူဆိုင်ရာနေရာများတွင် Public Screening ပြသလိုပါက Unitel ထံမှ ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။လက်ရှိတွင် အာဆီယံဒေသတွင်း၌ ကမ္ဘာ့ဖလားပြသခွင့် မူပိုင်ခွင့်ရရှိပြီးသည့် နိုင်ငံများမှာ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူး၊ တီမောလက်စ်တေ၊ ဗီယက်နမ်နှင့် မလေးရှားတို့ ဖြစ်ကြသည်။

ယနေ့အထိ မူပိုင်ခွင့် မရရှိသေးဘဲ ကျန်ရှိနေသည့် အာဆီယံနိုင်ငံများမှာ ထိုင်း၊ မြန်မာ နှင့် ဘရူနိုင်း တို့သာ ဖြစ်သည်။

ထိုင်းနိုင်ငံမှ Jasmine International (JAS) ကုမ္ပဏီသည် ဖီဖာနှင့် နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။ ဖီဖာဘက်က မူပိုင်ခွင့်ကြေး အမေရိကန်ဒေါ်လာ သန်း ၄၀ (ဘတ် ၁.၃ ဘီလီယံကျော်) အထိ အလိုရှိနေသော်လည်း၊ JAS ဘက်က ဗီယက်နမ်ပေးချေခဲ့သည့် ဒေါ်လာ ၁၅ သန်းခန့်အထိ စျေးနှုန်းလျှော့ချရန် ညှိနှိုင်းနေ၍ ကြန့်ကြာနေခြင်းဖြစ်သည်။ သို့သော် ထိုင်းဘောလုံးကျွမ်းကျင်သူ BubbleYingrak က ထိုင်းပြည်သူများအနေဖြင့် ယခုကမ္ဘာ့ဖလားကို 

မဖြစ်မနေ ကြည့်ရှုခွင့်ရရှိလိမ့်မည်ဟု ၎င်း၏အတွင်းသတင်းကို ကိုးကား၍ အာမခံထားသည်။

Source; Khaosod