မနေ့က (၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်) နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ လှုပ်ခတ်သွားခဲ့သည့် ပြင်းအား 7.8 အဆင့်ရှိ ငလျင်ကြီးကြောင့် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံအများအပြားတွင် ဆူနာမီစိုးရိမ်မှုများ မြင့်တက်ခဲ့သော်လည်း၊ နောက်ဆုံးရရှိသည့် အချက်အလက်များအရ ထိုင်းနိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်မှု သို့မဟုတ် အန္တရာယ်ရှိနိုင်ခြေ လုံးဝမရှိကြောင်းပညာရှင်များက အတည်ပြုထုတ်ပြန်လိုက်ပါတယ်ဗျာ။
ဖိလစ်ပိုင်ကမ်းရိုးတန်းတလျှောက်တွင် အမှန်တကယ်ပဲ ၀.၅ မီတာမှ ၁.၄ မီတာခန့်အထိမြင့်သော ဆူနာမီလှိုင်းငယ်များ ရိုက်ခတ်ခဲ့သော်လည်း ၎င်းသည် ကြိုတင်ခန့်မှန်းချက်ဘောင်အတွင်း၌သာ ရှိပြီး ထိုင်းကမ်းရိုးတန်းများဆီသို့ ဦးတည်လာမည့် အလားအလာ လုံးဝမရှိပါ။
ငလျင်လှုပ်ပြီးနောက် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပလောင်း၊ ထိုင်ဝမ်၊ ဂူအမ်နှင့် ဂျပန် စသည့် ၇ နေရာတွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သော်လည်း အခြေအနေကို စောင့်ကြည့်ပြီးနောက် ဂူအမ်နှင့် ဂျပန်အပါအဝင် နေရာအချို့တွင် သတိပေးချက်များကို ချက်ချင်း ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
ထိုင်းအမျိုးသား သဘာဝဘေးအန္တရာယ် သတိပေးရေးစင်တာ (NDWC) သည် ငလျင်လှုပ်ခတ်သည့် နံနက် ၀၆:၃၇ နာရီကတည်းက သက်ဆိုင်ရာဌာနများထံ အရေးပေါ် SMS များ ပေးပို့ကာ ကွန်ရက်ဘွိုင်စနစ်များ၊ ဆူနာမီစောင့်ကြည့်ရေး Database ပေါင်း ၁,၀၀၀ ကျော်ဖြင့် မျက်ခြေမပြတ် ပူးပေါင်းစောင့်ကြည့်ခဲ့သည်။
ပညာရှင်များ၏ သုံးသပ်ချက်အရ ထိုင်းပင်လယ်ကွေ့နှင့် ထိုင်းတောင်ပိုင်းအရှေ့ဘက်ကမ်းရိုးတန်းသို့ ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်ရန်အတွက် ဒေသတွင်း အရေးပါသော မနီလာပြတ်ရွေ့ကြော (Manila fault line) တွင် ပြင်းအား 8.5 အထက်ရှိသည့် ငလျင်ကြီး လှုပ်ခတ်မှသာ ဖြစ်နိုင်သည်။
အကယ်၍ ထိုကဲ့သို့ မနီလာပြတ်ရွေ့ကြောတွင် ငလျင်အပြင်းအထန် လှုပ်ခတ်ခဲ့လျှင်ပင် ဆူနာမီလှိုင်းများသည် ထိုင်းတောင်ပိုင်းအရှေ့ဘက်ကမ်းခြေနှင့် အရှေ့ဘက်ဒေသများသို့ ရောက်ရှိရန် ၁၂ နာရီမှ ၂၀ နာရီအထိ ကြာမြင့်မည် ဖြစ်ပြီး လှိုင်းအမြင့်မှာလည်း အများဆုံး ၁ မီတာထက် မပိုနိုင်ကြောင်း တွက်ချက်ထားသည်။ ထို့ကြောင့် ကြိုတင်ရွှေ့ပြောင်းရန် အချိန်လုံလောက်စွာ ရရှိမည်ဖြစ်သည်။
Source;The Nation
